စပိန် ၃-၃ ပေါ်တူဂီ၊ ရော်နယ်ဒို ဟက်ထရစ်သွင်းယူ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားစတဲ့ အုပ်စု (ဘီ) ပွဲစဉ်တွေထဲမှာ ပရိသတ် စိတ်ဝင်စားမှု အများဆုံး အသင်းကြီး ၂ သင်း ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်မှာ စပိန်နဲ့ ပေါ်တူဂီတို့ ၃ ဂိုး စီ သရေကျသွားပါတယ်။ ဆိုချီမြို့မှာ ယှဉ်ပြိုင်သွားတဲ့ ဒီပွဲမှာ နှစ်ဖက် အကြိတ်အနယ် ရှိခဲ့ပြီး ပရိသတ်အကြိုက် ပွဲကောင်းတပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒို ခြေစွမ်းပြပြီး ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံး ဟက်ထရစ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ဦးဆောင်ဂိုးကို ပွဲအစ ၄ မိနစ်မှာ ရော်နယ်ဒိုက သူ့ရဲ့ထိုးဖောက်မှုကြောင့် ရတဲ့ ပင်နယ်တီကနေတဆင့် ကိုယ်တိုင်သွင်းယူပါတယ်။ စပိန်က ကစားနေကျ ပုံစံအတိုင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ကစားနိုင်ခဲ့ပါတယ်။ ချေပဂိုးကို ၂၄ မိနစ်မှာ တိုက်စစ်မှူး ကော်စတာက သွင်းယူပါတယ်။ ပေါ်တူဂီအတွက် ဒုတိယဂိုးကို ရော်နယ်ဒိုက ပထမပိုင်းပြီးကာနီးမှာ အဝေးကစ်ကနေ သွင်းယူပါတယ်။ ဒုတိယပိုင်း ၅၅ မိနစ်မှာ စပိန်အတွက် ချေပဂိုးကို ကော်စတာက ခြေစွမ်းပြ သွင်းယူပါတယ်။ စပိန်အတွက် တတိယဂိုးကို နာချိုက ၅၈ မိနစ်မှာ အဝေးကစ်ကနေ သွင်းယူပြီး ဦးဆောင်ပါတယ်။ အဲဒီနောက်ပိုင်း ပေါ်တူဂီ လူစားလဲမှုတွေ ပြုလုပ်ပြီး တိုက်စစ်ကို မြှင့်ခဲ့ပါတယ်။ ချေပဂိုးကို ၈၈ မိနစ်မှာ ရော်နယ်ဒိုက ဖရီးကစ်ကနေ တိုက်ရိုက်သွင်းယူပြီး သရေတမှတ်စီခွဲယူလိုက်ရပါတယ်။ အုပ်စု (ဘီ) မှာ အီရန်က ၃ မှတ်နဲ့ ဦးဆောင်နေပြီး ပေါ်တူဂီနဲ့ စပိန်က ၁ မှတ်စီနဲ့ ရထားပြီး မော်ရိုကိုက ရမှတ်မရှိသေးပါဘူး။ အုပ်စု ဒုတိယပွဲစဉ်မှာ အီရန်က စပိန်၊ ပေါ်တူဂီက မော်ရိုကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up