ဝါရင့် ကာတွန်းဆရာကြီး ဦးငွေကြည် ဘဝအတွေ့အကြုံများ မျှဝေမည်
DVB
·
June 15, 2018

ဝါရင့် ကာတွန်းဆရာကြီး ဦးငွေကြည်ရဲ့ စာနယ်ဇင်း ကာတွန်းသမားဘဝ အတွေ့အကြုံများလို့ အမည်ရတဲ့ ဆွေးနွေးဟောပြောပွဲကို လာမယ့် ဇွန်လ ၁၆ ရက်မှာ ကျင်းပဖို့ရှိပါတယ်။
မြန်မာနိုင်ငံကာတွန်းဆရာများအသင်းရဲ့ ကာတွန်းပညာ မျှဝေခြင်း-၁ အစီအစဉ်အနေနဲ့ ပထမအကြိမ် ကျင်းပတာ ဖြစ်ပါတယ်။
ကာတွန်းရေးသက် နှစ်ပေါင်း ၅၀ လောက်ရှိပြီဖြစ်တဲ့ ဆရာ ဦးငွေကြည်ရဲ့ ဒီဆွေးနွေးပွဲကိုတော့ ဘယ်သူမဆို အခမဲ့တက်ရောက်နိုင်ပြီး နေ့လယ် ၁ နာရီကနေ ၃ နာရီထိ ကျင်းပမှာ ဖြစ်ပါတယ်။
တက်ရောက်ရမယ့် လိပ်စာကတော့ မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းရုံး- တိုက်အမှတ် (၁၇၃ /၁၇၅)၊ အခန်းအမှတ် (၆၀၁)၊ ပန်းဆိုးတန်းလမ်း(အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။