A d v e r t i s e m e n t With Us

နိုင်ငံတဝန်း​ လယ်သိမ်း​မှုကိစ္စ လွှတ်​တော်တွင် ​ဆွေး​နွေး​မည်

နိုင်ငံတဝန်း​က လယ်ယာ​မြေသိမ်း​ဆည်း​မှု​တွေ​ကြောင့်​ လယ်သမား​တွေ နစ်နာတဲ့​ကိစ္စကို ပြည်​ထောင်စုလွှတ်​တော်မှာ လာမယ့်​သီတင်း​ပတ် ​ဆွေး​နွေး​ကြမှာဖြစ်ပါတယ်။ ဇလွန်မြို့​နယ်အမတ် ဦး​တင်ထွဋ်က “လယ်ယာ​မြေများ​ သိမ်း​ဆည်း​ခံရခြင်း​များ​အား​ ​လေ့​လာစုံစမ်း​ဖော်ထုတ်ပြီး​ ​တောင်သူလယ်သမား​များ​ နစ်နာမှုမရှိ​စေ​ရေး​ တရား​မျှတစွာ ​ဖြေရှင်း​ဆောင်ရွက်​ပေး​ရန်” ဆိုတဲ့​ အဆိုကို ပြည်​ထောင်စုလွှတ်​တော်မှာ ဇူလိုင် ၄ ရက်​နေ့​က တင်သွင်း​ခဲ့​ပြီး​နောက် လာမယ့်​သီတင်း​ပတ် ​ဆွေး​နွေး​ကြမယ်လို့​ ဥတ္တရသီရိမြို့​နယ် ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​မင်း​သူက ​ပြောပါတယ်။ ​ဒေသအနှံ့​အပြား​က လယ်သမား​တွေရဲ့​ လယ်​မြေ​တွေကို အုပ်ချုပ်​ရေး​ပိုင်း​က မ​လျော်ဩဇာသုံး​ သိမ်း​ဆည်း​ခဲ့​လို့​ နစ်နာမှု​တွေအတွက် ကျယ်ကျယ်ပြန့်​ပြန့်​ ​ဆွေး​နွေး​ကြမယ်လို့​ ​မျှော်လင့်​ရပါတယ်။ အဲဒီအဆိုမှာ မြို့​ပြ​တွေတိုး​ချဲ့​တာ၊​ စက်မှုဇုန်​တွေတည်တာ၊​ တပ်​မြေ​တွေတိုး​ချဲ့​တာ၊​ ရထား​လမ်း​၊​ ကား​လမ်း​နဲ့​ ​လေယာဉ်ကွင်း​ဖောက်တာ၊​ စက်ရုံကြီး​တွေတည်တဲ့​အခါနဲ့​ စိုက်ပျိုး​ရေး​လုပ်ဖို့​ ပုဂ္ဂလိကကို ချ​ပေး​တဲ့​အခါ​တွေမှာ နိုင်ငံ​တော်က လယ်​တွေသိမ်း​ယူတဲ့​အ​ကြောင်း​နဲ့​ ဒီလို သိမ်း​ယူတဲ့​အတွက် လယ်သမား​တွေဟာ လယ်မဲ့​ယာမဲ့​ဖြစ်ကုန်သလို ​နေစရာ​တွေပါ ​ပျောက်ဆုံး​ကုန်တယ်လို့​ ပါပါတယ်။ ​နေပြည်​တော် တည်​ဆောက်တုန်း​က လယ်​မြေ​တွေသိမ်း​လို့​ နစ်နာရတာ​တွေ ထည့်​မ​ပြောထား​ပေမယ့်​ ရန်ကုန်တိုင်း​က မင်္ဂလာဒုံ-လှိုင်သာယာ စက်မှုဇုန်​တွေအတွက် လယ်​မြေဧက ​ထောင်​ပေါင်း​များ​စွာ သိမ်း​ဆည်း​မှု​တွေ၊​ မြင်း​ခြံ၊​ မအူပင်နဲ့​ ရထား​လမ်း​၊​ ကား​လမ်း​ဖောက်တဲ့​နေရာ​တွေမှာ သိမ်း​ဆည်း​တာ​တွေကိုလည်း​ ​ပြောဆိုခဲ့​တယ်လို့​ ဆိုပါတယ်။ ပြည်တွင်း​ထုတ် အလဲဗင်း​ဂျာနယ် သတင်း​ ၁ ပုဒ်မှာ​တော့​ နိုင်ငံ​တော်က စက်မှုဇုန်အပါအဝင် စီမံကိန်း​တွေအတွက် သိမ်း​ဆည်း​တဲ့​ ​မြေဧက ၉ သန်း​အနက် အမှန်တကယ် အ​ကောင်အထည်​ဖော်ပြီး​ အလုပ်ဖြစ်တာက​တော့​ ၂၉ ရာခိုင်နှုန်း​ပဲ ရှိတယ်လို့​ ​ရေး​ထား​ပါတယ်။ ပြည်ခိုင်ဖြိုး​အမတ် ဦး​တင်ထွဋ်ရဲ့​ အဆိုကို အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်အပါအဝင် နိုင်ငံ​ရေး​ပါတီ​တွေကလည်း​ ​ဆွေး​နွေး​ဖို့​ ပြင်ဆင်မှု​တွေရှိ​နေပါတယ်။ တပ်မ​တော် အစိုး​ရလက်ထက်တုန်း​က နိုင်ငံတဝန်း​ လယ်​မြေ​တွေ ​တော်​တော်များ​များ​ သိမ်း​ဆည်း​ခံခဲ့​ကြရပြီး​ အခု အရပ်သား​ အစိုး​ရလက်ထက်မှာ လယ်သမား​တွေဟာ သူတို့​နစ်နာချက်​တွေကို ထုတ်​ဖော်​တောင်း​ဆိုမှု အရှိန်မြင့်​လာပါတယ်။

A d v e r t i s e m e n t With Us

More News
Up