DVB Logo
Home
မြန်မာသတင်း
ဆရာ​တော် ဘဒ္ဒန္တဓမ္မာနန္ဒ ထိုင်း​နိုင်ငံ လန်း​ပန်​ဆေး​ရုံတွင် ပျံလွန်​တော်မူ
DVB
·
July 5, 2012
ဆရာ​တော် ဘဒ္ဒန္တဓမ္မာနန္ဒ ထိုင်း​နိုင်ငံ လန်း​ပန်​ဆေး​ရုံတွင် ပျံလွန်​တော်မူ
Donate to DVB

သက်​တော် ၉၂ နှစ်ရှိပြီဖြစ်တဲ့​ ဆရာ​တော် အဂ္ဂမဟာ ပဏ္ဍိတ ​ဒေါက်တာ ဘဒ္ဒန္တဓမ္မာနန္ဒဟာ ဒီ​နေ့​ မနက် ၅ နာရီ ၅၀ မှာ ၉၆ ပါး​ ​ရောဂါနဲ့​ ထိုင်း​နိုင်ငံ လန်း​ပန်​ဆေး​ရုံမှာ ပျံလွန်​တော်မူခဲ့​ပါတယ်။

[caption id="attachment_27522" align="alignleft" width="300" caption="ဆရာ​တော် ဘဒ္ဒန္တဓမ္မာနန"][/caption]

ထိုင်း​နိုင်ငံမှာ လူသိများ​ထင်ရှား​တဲ့​ ဆရာ​တော်ဟာ ထိုင်း​နိုင်ငံရဲ့​ ဒုတိယမြို့​တော် ချင်း​မိုင်မြို့​က​နေ ကီလိုမီတာ ၁၀၀ ​လောက် အကွာအ​ဝေး​မှာရှိတဲ့​ လန်း​ပန်မြို့​က ဝပ်ထမအိုး​ သံဃာစာသင်တိုက်မှာ သီတင်း​သုံး​နေပြီး​ ပရိယတ္တိ စာ​ပေ​တွေ သင်ကြား​ပေး​နေတာပါ။

လွန်ခဲ့​တဲ့​ နှစ်​ပေါင်း​ ၅၅ နှစ်​ကျော်ကတည်း​က ထိုင်း​အစိုး​ရက ဝိနည်း​ကျွမ်း​ကျင်တဲ့​ ဆရာ​တော်တပါး​ကို ထိုင်း​နိုင်ငံမှာ လာ​ရောက်သီတင်း​သုံး​ဖို့​ ဦး​နုအစိုး​ရကို ဖိတ်ကြား​ချက်အရ ဆရာ​တော်ဟာ လာ​ရောက်သီတင်း​သုံး​နေတာ ဖြစ်ပါတယ်။

ဆရာ​တော်ဟာ ထိုင်း​နိုင်ငံက ဆက်ကပ် ချီး​မြှင့်​တဲ့​ ​ဒေါက်တာဘွဲ့​ရတဲ့​ ပထမဆုံး​ မြန်မာသံဃာ​တော်တပါး​လည်း​ ဖြစ်ပါတယ်။

မြန်မာအစိုး​ရကလည်း​ ဆရာ​တော်ကို ၁၉၉၁ ခုနှစ်မှာ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့​တော် ချီး​မြှင့်​ခဲ့​ပါတယ်။ ဆရာ​တော်ဟာ မ​ကွေး​တိုင်း​ ​ရေစကြိုမြို့​နယ် သာစည်​ကျေး​ရွာ ဇာတိ ဖြစ်ပါတယ်။

ဆရာ​တော်ရဲ့​ ရုပ်ကလာပ်ကို ဝပ်ထမအိုး​ကျောင်း​မှာ ထား​ရှိမှာ ဖြစ်ပါတယ်။ ဒီ​နေ့​ကစလို့​ ၇ ရက်ဆက်တိုက် ကုသိုလ်​ကောင်း​မှု​တွေ ပြုလုပ်ကာ ၁ နှစ်​လောက်ကြာမှ မီး​သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013