မြန်မာ့ပေါ်ဆန်းမွှေး၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အလားအလာဆွေးနွေးပွဲ ကျင်းပ
DVB
·
June 14, 2018
မြန်မာ့ပေါ်ဆန်းမွှေးဆန်ရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အလားအလာ ဆွေးနွေးပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းပြီး စိုက်ပျိုးရေးသုတေသနဌာန (ရေဆင်း) နေပြည်တော်မှာ ကျင်းပနေပါတယ်။
ပေါ်ဆန်းစပါးတွေကို တိုင်းပြည်ရဲ့ National Brand အဖြစ် သတ်မှတ်ဆောင်ရွက်ဖို့ ဆွေးနွေးနေတာပါ။
ဆွေးနွေးပွဲမှာ ပေါ်ဆန်းစပါးနဲ့ပတ်သက်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ရွှေဘိုပေါ်ဆန်း စိုက်ပျိုးထုတ်လုပ်သူများအသင်းတို့က စာတမ်းရှင် ၁၈ ဦးတို့က ပေါ်ဆန်းစပါးတွေရဲ့ အတိတ်သမိုင်းအကြောင်းကို ရှာဖွေဖော်ထုတ်ထားတဲ့ စာတမ်း ၅ စောင်အပါအဝင် စာတမ်းပေါင်း ၁၈ စောင် ဖတ်ကြားခဲ့ပါတယ်။
ဆွေးနွေးပွဲကို ဒုတိယဝန်ကြီး ဦးလှကျော် တက်ရောက်ခဲ့ပြီး ပေါ်ဆန်းစပါး စိုက်ပျိုးသူတွေ၊ ရောင်းဝယ်သူတွေ၊ ဆန်စက်လုပ်ငန်းလုပ်ကိုင်သူတွေ တက်ရောက်နေပါတယ်။
ရူပါအောင်