DVB Logo
Home
မြန်မာသတင်း
ဒေါ်​အောင်ဆန်း​စုကြည် ပြည်သူ့​ဆန္ဒ နား​ထောင်
DVB
·
July 5, 2012
ဒေါ်​အောင်ဆန်း​စုကြည် ပြည်သူ့​ဆန္ဒ နား​ထောင်
Donate to DVB

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ ရန်ကုန်တိုင်း​၊​ ​ကော့​မှူး​မြို့​နယ်ကို သွား​ရောက်ပြီး​ ​ဒေသခံ​တွေနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဒီ​နေ့​မနက် ၁၁ နာရီ​လောက်မှာ ​ကော့​မှူး​က ​အောင်ဇဗ္ဗူ ပရဟိတ စာသင်တိုက်ကို ​ရောက်ရှိလာပြီး​ မြို့​နယ်တွင်း​ရှိ ​ကျေး​ရွာ ၆၁ ရွာက ​ဒေသခံ ၃၀၀ ​ကျော်နဲ့​ ​တွေ့​ဆုံခဲ့​တာပါ။

ဒေသခံ​တွေနဲ့​ ​တွေ့​ဆုံရာမှာ ​ဒေါ်​အောင်ဆန်း​စုကြည်က “​တောင်သူလယ်သမား​တွေ သိ​အောင်၊​ ဖတ်နိုင်​အောင် ကျမတို့​လုပ်ပါမယ်။ ​နောက်ပြီး​ ​တောင်သူလယ်သမား​တွေရဲ့​ ဥပ​ဒေအ​ပေါ်မှာ သုံး​သပ်ချက်​တွေကိုလည်း​ ကျမတို့​ ပြန်ပြီး​ သိချင်ပါတယ်။ မသန်စွမ်း​တဲ့​က​လေး​တွေအတွက် စာရင်း​ကောက်ထား​တာကို ကျမတို့​ကြည့်​ပြီး​တော့​ ဒီကိစ္စကို လိုက် လိုက်ပါမယ်” လို့​ ​ပြောပါတယ်။

တွေ့​ဆုံရာမှာ ​ဒေသခံ​တွေရဲ့​ ​ဆွေး​နွေး​တင်ပြချက်​တွေကို ​ဒေါ်​အောင်ဆန်း​စုကြည်က နား​ထောင်ပြီး​ ပြန်လည် ​ဆွေး​နွေး​ခဲ့​တဲ့​အ​ကြောင်း​ ​ကော့​မှူး​ခရီး​ကို လိုက်ပါသတင်း​ရယူခဲ့​တဲ့​ ဒီဗွီဘီသတင်း​ထောက် ကို​ဇေကြီး​က ​ပြောပါတယ်။

“တရွာချင်း​ရဲ့​ လိုအပ်ချက်​တွေ တင်ပြ​တော့​ နား​ထောင်​ပေး​ပါတယ်။ လုပ်​ပေး​နိုင်တာကိုလည်း​ ဖြည့်​ဆည်း​ပေး​တာ​ပေါ့​။ အဓိက က​တော့​ လမ်း​ပန်း​ဆက်သွယ်​ရေး​တော့​ တင်ပြကြတယ်ဗျ။ လမ်း​မ​ကောင်း​တာ က​လေး​တွေ ​ကျောင်း​သွား​တာတို့​၊​ ပညာ​ရေး​နဲ့​ ပတ်သက်ပြီး​ ဆရာ ဆရာမ​တွေ လိုအပ်တာ​တွေ တင်ပြကြတယ်။ လယ်ယာနဲ့​ ပတ်သက်တာ​တွေ တင်ပြတယ်။ အဲဒီအချက် ၃ ချက် အဓိကပါပဲ။”

ဒေသခံ​တွေနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ချိန် ၂ နာရီ​လောက်ကြာတယ်လို့​လည်း​ ​ပြောပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ဟာ ဥ​ရောပခရီး​စဉ်က ပြန်​ရောက်လာပြီး​တဲ့​နောက် သူ့​မဲဆန္ဒနယ်​မြေဖြစ်တဲ့​ ​ကော့​မှူး​မြို့​နယ်ကို အခုလို သွား​ရောက်တာဖြစ်ပြီး​ လာမယ့်​ ဇူလိုင် ၉ ရက်​နေ့​မှာ​တော့​ ​နေပြည်​တော် လွှတ်​တော်တက်​ရောက်မှာ ဖြစ်ပါတယ်။

Photo By Zay Gyi

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/dassk-kmu05072012/]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013