Home
မြန်မာသတင်း
မိုးကုတ်မြို့တွင် မြေပြိုမှုကြောင့် ကလေး ၁ ဦးပါအ၀င် ၅ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ
နော်နိုရင်း
·
June 14, 2018
35266455_2081843612139645_8810010485773565952_n
  မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မှာ ဒီကနေ့မနက်အစောပိုင်းက နေရာနှစ်နေရာမှာ မြေပြိုမှုဖြစ်ပွားခဲ့လို့ လူငါးဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ မိုးကုတ်မြို့ အနောက်ပိုင်း ကြပ်ပြင်၊  အောင်သစ်လွင်ရပ်ကွက်မှာ ဒီကနေ့ မနက် ၄ နာရီလောက်က မြေပြိုပြီး ကလေးတဦးအပါအ၀င် မိသားစုဝင် ငါးဦး သေဆုံးသွားခဲ့တာပါ။ မြေပြိုမှုမှာ နေအိမ်နှစ်လုံးကို ထိပြီးအပေါ်အိမ် တိုက်ပုအိမ်လေးကို ပိပြီး မိသားစုဝင်တွေ  သေဆုံးသွားခဲ့တာလို့ သွားရောက်ကူညီပေးခဲ့တဲ့ ဦးဟိန်းဇော်သူက ပြောပါတယ်။ “သေတဲ့လူတွေက မိသားစုဝင် ငါးယောက်ခင်ဗျာ။ အိမ်က နှစ်အိမ်ပြိုတာ ဒီဘက်အိမ်ကတော့ ဘာမှမဖြစ်ဘူး။ အဲအပေါ်အိမ်ပဲဖြစ်တာ။ အဲဒီနေရာက မနှစ်ကလည်း ပြိုဖူးတယ်။ မနှစ်က တယောက်သေတယ်။” သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို မိုးကုတ်မြို့နယ်ဆေးရုံဆီ ပို့ဆောင်ခဲ့ပါတယ်။ အလားတူ မိုးကုတ်မြို့နယ် မင်းတံတားအုပ်စု မင်းတံတားနယ်မြေ(၉)ရပ်ကွက် မစိုးရိမ်ကျောင်းတိုက်ရဲ့ မိလ္လာကန်ပွင့်ပြီး မြေပြိုတဲ့အတွက်  လူနေအိမ်တလုံး ပိတ်မိတဲ့အတွက် လေးဦး ဒဏ်ရာရခဲ့ပါတယ်။ ဒီကနေ့ မနက် ၂ နာရီခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အိမ်ရှင်ကိုအောင်၊ မဇာခြည်နဲ့ သားမောင်တေဇာထွန်းနဲ့ သမီး အိကြယ်စင်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မိုးကုတ်မြို့မှာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး တောင်ကျရေတွေ၊ ချောင်းရေတွေ ရေကြီးမှု တွေဖြစ်ပေါ်ခဲ့ပြီး ဒီမနက်က အခုလို မြေပြိုမှုတွေဖြစ်ပွားတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024