DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-ဒလကူး စက်သမ္ဗန် တိမ်းမှောက်၊ လူ ၄ ဦး ပျောက်ဆုံးနေ
DVB
·
June 14, 2018
ရန်ကုန်-ဒလကူး စက်သမ္ဗန် တိမ်းမှောက်၊ လူ ၄ ဦး ပျောက်ဆုံးနေ
1 / 2
Donate to DVB

ရန်ကုန် စဥ့်အိုးတန်းဆိပ်ကမ်းကနေ ဒလမြို့နယ် ကမာကသွယ်ဆိပ်ကမ်းကို ပြေးဆွဲတဲ့ သမ္ဗန်တစီးဟာ ဇွန်လ ၁၃ ရက်၊ ည  ၈ နာရီကျော်က တိမ်းမှောက်ခဲ့ပြီး ခရီးသည် ၄ ဦး ပျောက်ဆုံးနေတယ်လို့ ဆိပ်ကမ်းမြို့မ ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါ စက်သမ္ဗန်ဟာ ရန်ကုန်ဘက်ကမ်းကနေ ဒလဘက်ကမ်းကို ဖြတ်သန်းမောင်းနှင်စဉ် ဒလဘက်ကမ်းအရောက်မှာ စက်ရပ်သွားခဲ့ပြီး ရေစီးနဲ့မျောပါကာ တွဲသင်္ဘောကို ဝင်တိုက် နစ်မြုပ်ခဲ့တာလို့ ရဲစခန်းက ပြောပါတယ်။

သမ္ဗန်ပေါ်မှာ ပါလာတဲ့ ခရီးသည် ၁၂ ဦးအနက် ၈ ဦးကို ပြန်လည်ဆယ်ယူရရှိခဲ့တယ်လို့ ဆိပ်ကမ်းမြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။ 

“၁၂ ဦးပါတဲ့အထဲမှာ လက်ရှိ ၄ ဦးကတော့ ပျောက်ဆုံးနေတယ်။ ကျန်တဲ့ ၈ ဦးကိုတော့ ရန်ကုန်ဆေးရုံကြီးကို တင်ပို့ထားတယ်။ အခြေအနေက မစိုးရိမ်ရပါဘူး။ စက်လှေမောင်းတဲ့ သူကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ တိမ်းရှောင်ပြီး ရေကူးသွားတယ်လို့ စုံစမ်းသိရပါတယ်။ ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေနေသလို စက်လှေမောင်းသူကိုလည်း ဖမ်းဆီး အရေးယူ ဆောင်ရွက်သွားမှာပါလို့ ” ဆိုပါတယ်။

ဆေးရုံမှာ လက်ရှိ ဆေးကုသမှုခံယူနေသူ ၈ ဦးဟာ အမျိုးသားတွေ ဖြစ်ကြပြီး  ပျောက်ဆုံးနေတဲ့ ၄ ဦးကတော့ အမျိုးသမီး ၃ ဦး၊ အမျိုးသား ၁ ဦးတို့ ဖြစ်ပါတယ်။

ကမာကသွယ်ရပ်ကွက်နေ အမျိုးသမီးတဦးက “ပျောက်သွားတဲ့အထဲမှာ ကျမတို့ ရပ်ကွက်ထဲက လင်မယား နှစ်ယောက် ပါတယ်။ မိန်းခလေးက အသက် ၁၇ နှစ်လောက်ပဲ ရှိသေးတယ်။ လင်မယား နှစ်ယောက်စလုံး အလုပ်က ပြန်လာတဲ့အချိန်မှာ ဖြစ်သွားတာ”လို့ ပြောပါတယ်။

လက်ရှိမှာ သမ္ဗန်မောင်းသူကို  ရေယာဉ်ပေါ့ဆစွာ မောင်းနှင်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၀/၃၇၇ နဲ့ ဆိပ်ကမ်းရဲစခန်းမှာ  အမှုဖွင့်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013