DVB Logo
Home
မြန်မာသတင်း
တပ်ဆုတ်ပေးရန် အစိုးရတောင်းဆိုချက် ရှမ်းတပ် လိုက်လျော
DVB
·
July 5, 2012
Donate to DVB

ရှမ်းတပ်တချို့ နောက်ဆုတ်ပေးဖို့ မြန်မာအစိုးရတပ်ဘက်က တောင်းဆိုချက်ကို ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)က လိုက်လျောလိုက်ပါတယ်။

အစိုးရနဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)တို့ အပစ်အခတ်ရပ်ဖို့ သဘောတူထားတဲ့ကြားက တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာပါ။

လွန်ခဲ့တဲ့ ဇွန် ၁၇ ရက်နေ့က မိုင်းရှူးမြို့နယ် မိုင်းအွတ်ဒေသတ၀ိုက် တိုက်ပွဲတွေဖြစ်နေချိန်မှာ အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဒု- ဥက္ကဋ္ဌ ဦးသိန်းဇော်က အဲဒီနယ်မြေမှာ အစိုးရတပ်ဘက်က နယ်မြေရှင်းလင်းရေးလုပ်စရာရှိလို့  ရှမ်းတပ်တွေ ၁ မိုင်အကွာလောက် ဆုတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။

ဒီတောင်းဆိုချက်ကို ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ခေါင်းဆောင်တွေ ဇူလိုင် ၄ ရက်နေ့မှာ တိုင်ပင်ပြီး လိုက်လျောဖို့ ဆုံးဖြတ်လိုက်တာလို့ ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

“ကျနော်တို့ ဗဟိုအစည်းအဝေးကို ၉ နာရီကနေ ၁ နာရီထိ ထိုင်ခဲ့တယ်။ တိုက်ပွဲက ကြီးထွား လာရင် ငြိမ်းချမ်းရေးကို ထိခိုက်မှာ တကြောင်း၊ ဒေသခံတွေရဲ့ စိုက်ပျိုးချိန်ဆိုတော့ အလုပ်ကောင်းကောင်း မလုပ်ရဘူးလေ။ ဒါကြောင့် ကျနော်တို့ ထပ်ဆုတ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။”

ဒီလို နောက်ဆုတ်ပေးတာဟာ ယာယီသဘောသာဖြစ်ပြီး ဆုတ်ပေးတဲ့နေရာမှာ အစိုးရဘက်က တပ်ထိုင်အခြေချမယ်ဆိုရင် ပြန်သုံးသပ်မယ်လို့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ပြောခွင့်ရသူ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

ဒီတပ်တွေ မဆုတ်ခွာခင် ဇွန် ၃၀ ရက်ကနေ ဇူလိုင် ၃ ရက်နေ့ ညပိုင်း အထိ ကောင်းမိုက်ဟုန်း တောင်ကုန်းတ၀ိုက်မှာ ပစ်ခတ်မှုတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဘက်စလုံး ထိခိုက်ဒဏ်ရာရမှု ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဇူလိုင် ၂ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်ထဲမှာရှိတဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း အဖွဲ့ အခြေစိုက် ၇ မိုင် တောင်ကုန်းစခန်းနဲ့  မိုက်စုန်စခန်း ၂ ခုကို မိုင်းကောဝ်၊ တန့်ယန်းနဲ့ မိုင်းပတ်အခြေစိုက် အစိုးရတပ် ခမရ ၃၂၆၊ ခလရ ၁၃၆ နဲ့ တပ်မ ၃၃ စတဲ့ တပ်ရင်း ၃ ခုပေါင်းပြီး တိုက်ခိုက်ရာက တိုက်ပွဲတွေဖြစ်ပွားခဲ့သေးတယ်လို့  ရှမ်းပြည်တပ်မတော်က ပြောပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းဟာ အစိုးရနဲ့ ဒီနှစ် ဇန်န၀ါရီ ၂၈ ရက်နေ့မှာ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ် သဘောတူထားပေမယ့်  အကြိမ် ၂၀ ထက်မနည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ဒီကိစ္စ ဖြေရှင်းပေးဖို့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) က သမ္မတကို ဇူလိုင် ၁ ရက်နေ့မှာ စာရေးသားပေးပို့ပြီး တောင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013