Home
မြန်မာသတင်း
ဆန္ဒပြအလုပ်သမားများကို မခြိမ်းခြောက်ရန် ILOညီလာခံတွင်တောင်းဆို
ရန်နိုင်ဇော်ဝင်း
·
June 13, 2018
အလုပ်သမားတွေရဲ့ စုပေါင်းတောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဒါမှမဟုတ် ပုဂ္ဂလိက ကငှားရမ်းထားသူတွေက ခြိမ်းခြောက်မှုမရှိအောင် ဆောင်ရွက်နိုင်ဖို့ ILOညီလာခံမှာ  မြန်မာအစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ မြန်မာပြည်တွင်း လုပ်ငန်းခွင်တွေမှာ အလုပ်သမားအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို ခြိမ်းခြောက်တာတွေရှိနေတာကြောင့် ၁၀၇ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO အစည်းအဝေးမှာ မြန်မာနိုင်ငံက ILO စံနှုန်းများ ကျင့်သုံးရေးဆိုင်ရာကော်မတီက အစိုးရကို တိုက်တွန်းလိုက်တာပါ။ အလုပ်သမားအဖွဲ့အစည်းတွေဖွဲ့စည်းရာမှာလည်း ဥပဒေတွေအပြင် အလုပ်ရှင်ရဲ့ ကန့်ကွက်တာတွေကိုလည်း လျော့ပေးဖို့ တိုက်တွန်းတယ်လို့ ကော်မတီဝင် ဒေါ်ခိုင်ဇာအောင်က ပြောပါတယ်။ အိုင်အယ်လ်အို အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၇ နိုင်ငံက အလုပ်သမား၊ အလုပ်ရှင်နဲ့ အစိုးရ ကိုယ်စားလှယ်ပေါင်း ၄၀၀၀ ကျော်ပါဝင်တဲ့ ၁၀၇ကြိမ်မြောက်ILOညီလာခံကို ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ မေလ ၂၈ ရက်ကနေ  ဇွန်လ ၈ ရက်ထိ ကျင်းပတာပါ။ ဒီညီလာခံကို မြန်မာနိုင်ငံက အလုပ်ရှင်ကိုယ်စားလှယ်၊ အလုပ်သမားကိုယ်စားလှယ်တွေ အပြင် အလုပ်သမားဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးလည်း တက်ရောက်ခဲ့ပါတယ်။ ဒီညီလာခံအတွင်း မြန်မာနိုင်ငံမှာ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့် အားနည်းနေတာကို ထောက်ပြဆွေးနွေးခဲ့တဲ့အပြင် လုပ်ငန်းခွင်ထဲမှာ အမျိုးသမီးတွေ ခွဲခြား ဆက်ဆံ မခံရရေးနဲ့ သုံးပွင့်ဆိုင်ဆွေးနွေးရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ ပါသေးတယ်။ ဒီကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး  မြန်မာနိုင်ငံအစိုးရအနေနဲ့ ILO စည်းမျဉ်းအတိုင်း ဆောင်ရွက်နေတယ်လို့လည်း ပြောသွားပါတယ်။ ဓာတ်ပုံ- ILO
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024