Home
မြန်မာသတင်း
ရခိုင်ပြည်နယ်က မြို့​နယ်တချို့​ စာသင်ကြား​ရေး​ ပျက်ယွင်း
အေးနိုင်
·
July 4, 2012
ရခိုင်ပြည်နယ်မှာ ပဋိပက္ခ​တွေဖြစ်တုန်း​က ပိတ်ထား​တဲ့​ ​ကျောင်း​တွေဟာ ခုထက်ထိ ပြန်မဖွင့်​နိုင်​သေး​သလို ဖွင့်​တဲ့​ကျောင်း​တွေကိုလည်း​ လုံခြုံ​ရေး​ကြောင့်​ ​ကျောင်း​သား​ လာ​ရောက်မှု နည်း​နေပါတယ်။ အစိုး​ရက စစ်​တွေ၊​ ရ​သေ့​တောင်၊​ ဘူး​သီး​တောင်၊​ ​မောင်​တော၊​ ​ကျောက်​တော်နဲ့​ သံတွဲမြို့​နယ်​တွေမှာ ​ကျောင်း​ပိတ်ခဲ့​သလို အ​ရေး​ပေါ်အ​ခြေအ​နေ ​ကြေညာထား​ပါတယ်။ ​ကျောင်း​တွေအကုန်မပိတ်​ပေမယ့်​ လုံခြုံ​ရေး​ကြောင့်​ မတက်ကြတာ ဖြစ်ပါတယ်။ စစ်​တွေမှာ နာဇီ​ကျေး​ရွာဘက်က ​ကျောင်း​တ​ကျောင်း​သာ ပိတ်​ပေမယ့်​ လုံခြုံ​ရေး​ကြောင့်​ ​ကျောင်း​သား​မိဘ​တွေက က​လေး​တွေကို ​ကျောင်း​မလွှတ်ကြဘူး​လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။ “ပိတ်ထား​တာ​တော့​ မဟုတ်ဘူး​။ ဖွင့်​ထား​ပါတယ်။ ဘယ်လို​ပြောရမလဲ။ ဆရာ ဆရာမ​တွေ​တော့​ ​ရောက်တယ်။ ​ကျောင်း​သား​တွေက ဒီမှာ ၁၄၄ လည်း​ ထုတ်ထား​တယ်။ တည်ငြိမ်မှုကလည်း​ မိဘ​တွေက စိတ်မချ​သေး​တဲ့​အတွက် သား​သမီး​တွေကို မလွှတ်တာ​တွေရှိတယ်။” ပိတ်ထား​တဲ့​ သံတွဲနည်း​ပညာတက္ကသိုလ်ကိုလည်း​ ပြန်လည်ဖွင့်​လှစ်ဖို့​လည်း​ ပြင်ဆင်​နေပါတယ်။ အဲဒီနည်း​ပညာတက္ကသိုလ်​ကျောင်း​မှာ အ​ဆောင်​နေ ​ကျောင်းသား​တွေ လုံခြုံ​ရေး​အတွက် ကြိတင်ပြင်ဆင်တဲ့​အ​နေနဲ့​ အစ္စလာမ် ဘာသာဝင်​တွေနဲ့​ လတ်တ​လောမှာ အတူမ​နေကြဖို့​ စီစဉ်​နေပါတယ်။ “သံတွဲက လူ​တွေက​တော့​ ဘာမှ မလုပ်ပါဘူး​။ သူတို့​က ​တောင်ကုတ်ဘက်က များ​တယ်။ အမ်း​ဘက်ကရှိတယ်။ အဲ​တော့​ သူတို့​သား​သမီး​အတွက် စိုး​ရိမ်ပြီး​ ပြန်​ခေါ်တဲ့​သ​ဘောပါ။ ​ကျောင်းသား​တွေက အရင်တုန်း​က မွတ်စလင်ရပ်ကွက်​တွေမှာ များ​တယ်ဗျ။ ​ဘော်ဒါသ​ဘောမျိုး​နဲ့​ ​နေကြတာ​လေ။ အခု​တော့​ သူတို့​ကို ပြဿနာကို ​ရှောင်ရှား​တဲ့​အ​နေနဲ့​ သူတို့​ကို မွတ်ဆလင်ရပ်ကွက်​တွေမှာ မထား​ဘဲနဲ့​ ရပ်ကွက်​တွေမှာ ​နေရာ​တွေ စီမံ​ပေး​တယ်လို့​ ကျ​နော်ကြား​တယ်။” ရ​သေ့​တောင်မြို့​နယ်ကို ​မေး​ကြည့်​ရာမှာ တနင်္လာ​နေ့​ကစလို့​ မြို့​ပေါ်​ကျောင်း​တွေ ဖွင့်​တယ်လို့​ ​ဖြေပါတယ်။ ဘင်္ဂလား​ဒေ့​ရှ်နယ်စပ်မြို့​ ​မောင်​တောမှာလည်း​ ​ကျောင်း​မဖွင့်​နိုင်​သေး​သလို တရွာနဲ့​ တရွာ ကူး​လူဆက်ဆံခြင်း​တောင် မရှိ​သေး​ဘူး​လို့​ မြို့​ခံလူငယ်တဦး​က ခုလို ​ပြောပါတယ်။ “အဲဒီ​နေ့​က​နေ ဒီ​နေ့​အထိကို ကိုယ့်​ရွာက​နေ တခြား​ရွာကို သွား​လို့​မရဘူး​။ ​ဈေး​တွေ၊​ ​ကျောင်း​တွေ ဘာမှလည်း​ မဖွင့်​ရ​သေး​ဘူး​။ ကိုယ့်​ရွာမှာပဲ ရှိတာနဲ့​စား​ပေါ့​။ မရှိတဲ့​လူ​တွေလည်း​ စား​လို့​မရဘူး​ပေါ့​။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024