ချီလီတွင် ဆီးနှင်းများ ကျဆင်းမှုကြောင့် ဒေသခံများ ပျော်ရွှင်

ဓာတ်ပုံ - ရိုက်တာ
ချီလီနိုင်ငံ မြို့တော် စန်တီယာဂိုမှာ ဇွန်လ ၁၁ ရက်နေ့က ထူးထူးခြားခြား ဆီးနှင်းတွေ ကျဆင်းခဲ့တာကြောင့် သမ္မတ ပီနဲရာ အပါအဝင် မြို့ခံလူထု ကြည်နူးပျော်ရွှင်နေတာကို မြင်တွေ့ကြရပါတယ်။ ဆီးနှင်းကြောင့် နေ့အပူချိန်ပါ ကျဆင်းခဲ့ပြီး မြို့တော်ရှိ လမ်းအတော်များများ ဆီးနှင်းတွေ ဖုံးလွှမ်းနေပါတယ်။ ရုံးဝန်ထမ်းတွေနဲ့ အလုပ်သမားတွေဟာ အလုပ်ကနေ ခေတ္တရပ်နားပြီး ဆီးနှင်းတွေကြား လမ်းလျှောက်တာ၊ ဓာတ်ပုံအရိုက်ခံတာတွေ လုပ်ခဲ့ကြပါတယ်။ သမ္မတ ဆာဘက်စတီယန် ပီနဲရာနဲ့ သမ္မတကတော်လည်း ဆီးနှင်းတွေကြား ရောက်လာပြီး နှင်းဘောလုံးနဲ့ ပစ်ပေါက်ကစားခဲ့တာကို ဇွန်လ ၁၁ ရက်နေ့က ကြည်နူးဖွယ် မြင်တွေ့ကြရပါတယ်။ ကမ္ဘာကြီးရဲ့ တောင်ဘက်ခြမ်းမှာ တည်ရှိတဲ့ ချီလီနိုင်ငံမှာ ဇွန်၊ ဇူလိုင်၊ သြဂုတ် သုံးလဟာ ဆောင်းရာသီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up