DVB Logo
Home
မြန်မာသတင်း
လွှတ်တော်ပြန်လည်စတင်
DVB
·
July 4, 2012
လွှတ်တော်ပြန်လည်စတင်
Donate to DVB

ပြီးခဲ့တဲ့ ဧပြီလကုန်လောက်ကတည်းက ရပ်နားထားတဲ့ လွှတ်တော် အစည်းအဝေးတွေ ဒီကနေ့ ဇူလိုင်  ၄ ရက် မှာ ပြန်လည် စတင်နေပြီဖြစ်ပါတယ်။

ဇူလိုင်လ ၄ ရက်နေ့မှာ ပြန်လည်ခေါ်ယူကျင်းပနေတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးရဲ့ ပထမဆုံးအဖွင့်နေ့မှာ  ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ အရင် ပညာရေးဝန်ကြီးဟောင်း ဒေါက်တာချမ်းငြိမ်းက ၂၀၁၂ ခုနှစ် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းကို တင်သွင်းခဲ့ပါတယ်။

ဒါ့အပြင် အဆိုတင်တဲ့ ကဏ္ဍမှာတော့ တိုင်းပြည်ရဲ့ ကဏ္ဍအသီးသီးနဲ့ နယ်ပယ် အသီးသီးမှာ စံချိန်စံညွှန်းတွေ ရေးဆွဲ သတ်မှတ်ရေး ဥပဒေ ပြဌာန်းပေးနိုင် ဖို့ ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းခြင်း အဆိုကိုလည်း တင်သွင်းခဲ့ပါသေး တယ်။ မေးခွန်းမေးမြန်းတဲ့ ကဏ္ဍမှာတော့ ဥပဒေနဲ့အညီ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ပြန်လည် ရွေးချယ်ဖို့ ရှိ၊ မရှိ မေးခွန်း။ ဗဟိုဝန်ထမ်း တက္ကသိုလ်တွေ ပြုပြင်ပြောင်းလဲဖို့ (ဒါမှမဟုတ်) ဖျက်သိမ်းဖို့ အစီအစဉ် ရှိ၊ မရှိ မေးခွန်း နဲ့  မြစ်ချောင်းတွေကို လိုင်စင်နဲ့ လေလံဆွဲဝယ်တာတွေ ကင်းလွတ်ခွင့် ပြု၊ မပြု မေးခွန်းတွေကို ကိုယ်စားလှယ်တွေက မေးမြန်းခဲ့ကြတာပါ။ ဒီအဆိုတွေနဲ့ မေးခွန်းတွေကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက ၀န်ကြီး၊ ဒုဝန်ကြီးတွေက ပြန်လည် ဆွေးနွေး၊ ဖြေကြားခဲ့ကြတာလဲ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီ ကတော့  ဒီတခေါက် ကျင်းပမယ့် လွှတ်တော် အစည်းအဝေးတွေမှာ ဥပဒေ တချို့ ပြင်ဆင်နိုင်အောင် ကြိုးစားသွားမယ်လို့ ပြောပါတယ်။

ဒါ့ပြင် လွှတ်တော်နဲ့ အစိုးရအဖွဲ့အစည်းမှာ ဒီမိုကရက်တစ်အင်အားစုတွေနဲ့ ပြည်သူလူထုက ရွေးကောက် တင်မြှောက်တဲ့ ကိုယ်စား လှယ်တွေ ရှိဖို့ လိုအပ်ဦးမယ်လို့  ဦးခိုင်မောင်ရီက ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာတော့ လယ်သမားတွေ လယ်အသိမ်းခံရတဲ့ ကိစ္စတွေ ကို ပြန်လည် စိစစ်ပေးဖို့ အဆိုကိုတော့ ဇလွန်မဲဆန္ဒနယ်က ဦးတင်ထွဋ်က တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသား လွှတ်တော်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ပြည်သူ့လွှတ်တော်က ပြန်လည် စိစစ်ဖို့နဲ့ မေးခွန်း ၂ ခုမေးခဲ့တယ်လို့ ကျောက်မဲ မဲဆန္ဒနယ် ၄ က လွှတ်တော်အမတ် စိုင်းသန့်ဇင်က ပြောပါတယ်။

ဒီနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်းမှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်တင်မြှောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေထဲက ကျမ်းသစ္စာကျိန်ဆိုဖို့ ကျန်ရှိနေကြတဲ့ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ဇမ္မူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းတို့နဲ့အတူ  တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး တင်စန်းနိုင်တို့ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြပါတယ်။

အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ လွှတ်တော် အစည်းအဝေး တက်ရောက်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013