Home
မြန်မာသတင်း
ဒု-သမ္မတ တရား​ဝင် နုတ်ထွက်​ကြောင်း​ လွှတ်​တော်​ကြေညာ
DVB
·
July 4, 2012
လူမြင်ကွင်း​က ​ပျောက်ကွယ်​နေတာ လအတန်ကြာရှိ​နေပြီဖြစ်တဲ့​ ဒု-သမ္မတ သီဟသူရ ဦး​တင်​အောင်မြင့်​ဦး​ဟာ ရာထူး​က နုတ်ထွက်သွား​ပြီလို့​ ပြည်​ထောင်စုလွှတ်​တော်မှာ အတည်ပြု ​ကြေညာလိုက်ပါတယ်။ ပြည်​ထောင်စုလွှတ်​တော် နာယက ဦး​အောင်ခင်မြင့်​က ဒီက​နေ့​ ပြန်လည်ကျင်း​ပတဲ့​ လွှတ်​တော်အစည်း​အ​ဝေး​မှာ ဒု-သမ္မတ သီဟသူရ ဦး​တင်​အောင်မြင့်​ဦး​ နုတ်ထွက်တဲ့​ကိစ္စ သမ္မတ ဦး​သိန်း​စိန်က​နေ သဝဏ်လွှာပို့​တဲ့​အ​ကြောင်း​ ​ပြောကြား​ခဲ့​တာလို့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ရဲထွန်း​ ဒီဗွီဘီကို ​ပြောပါတယ်။ [caption id="attachment_25573" align="alignright" width="300" caption="ဦးတင်​အောင်မြင့်​ဦး​"][/caption] “ဒု သမ္မတ ရာထူး​နေရာ လစ်လပ်တယ်ဆိုပြီး​တော့​ နိုင်ငံ​တော်သမ္မတက​နေ သဝဏ်လွှာပို့​တယ်။ ကျ​နော်တို့​ကို ဖတ်ကြား​ပြပြီး​တော့​ သူ မူလ ​ရွေး​ချယ်ခံခဲ့​ရတဲ့​ တပ်မ​တော်သား​ ကိုယ်စား​လှယ် အစုအဖွဲ့​ကို ဒု-သမ္မတတဦး​ ​ရွေး​ချယ်​ပေး​ဖို့​ ပြည်​ထောင်စုလွှတ်​တော် နာယက က​နေ အ​ကြောင်း​ကြား​လိုက်တာ​ပေါ့​။ ဒါ ​ရွေး​ချယ်တာက​တော့​ လွှတ်​တော်ကြီး​နဲ့​တော့​ မဆိုင်ဘူး​ပေါ့​။ တပ်မ​တော်သား​ ကိုယ်စား​လှယ် အစုအဖွဲ့​က ပြန်​ရွေး​ပေး​ရမှာ​ပေါ့​။” သီဟသူရတင်​အောင်မြင့်​ဦး​ဟာ တပ်မ​တော်သား​ လွှတ်​တော်ကိုယ်စား​လှယ် အစုအဖွဲ့​က​နေ တင်သွင်း​ခဲ့​ပြီး​ ဒု-သမ္မတအဖြစ်ခန့်​အပ်ခံခဲ့​ရတာမို့​ ၂၀၀၈ ဖွဲ့​စည်း​ပုံအရ သူ့​ရဲ့​ရာထူး​ကို ဆက်ခံမယ့်​သူဟာလည်း​ တပ်မ​တော်သား​ ကိုယ်စား​လှယ်​တွေက​နေ အမည်စာရင်း​ တင်သွင်း​တဲ့​သူထဲက ခန့်​အပ်ရမှာ ဖြစ်ပါတယ်။ တပ်မ​တော်သား​ကိုယ်စား​လှယ်​တွေဟာ ကာကွယ်​ရေး​ဦး​စီး​ချုပ်က စီစဉ်တဲ့​ တ​နေရာမှာ ​တွေ့​ဆုံကာ ဇူလိုင် ၁၂ ရက်​နေ့​မတိုင်ခင် ဒု-သမ္မတသစ်ရဲ့​ အမည်စာရင်း​ တင်သွင်း​မှာဖြစ်ပြီး​ လွှတ်​တော်က အတည်ပြု ​ပေး​ရမှာပါ။ ပြည်သူ့​လွှတ်​တော်ကိုယ်စား​လှယ် ဦး​ရဲထွန်း​က​တော့​ တပ်မ​တော်သား​တွေရဲ့​ ဒု-သမ္မတသစ်​ရွေး​ချယ်ပုံဟာ အရပ်သား​ လွှတ်​တော်ကိုယ်စား​လှယ်​တွေလို​တော့​ ဒီမိုက​ရေစီနည်း​ကျ လွတ်လွတ်လပ်လပ် ​ရွေး​ချယ်မှာ မဟုတ်ဘူး​လို့​ သုံး​သပ်ပါတယ်။ “တပ်မ​တော်သား​ အစုအဖွဲ့​က မဲ​ပေး​ပြီး​ရွေး​လိုက်တာနဲ့​ ဒါ ဒုသမ္မတ ဖြစ်သွား​ပြီ​ပေါ့​။ ပြီး​ခဲ့​တဲ့​ သမ္မတ ​ရွေး​ချယ်တင်​မြှောက်ပွဲတုန်း​က​တော့​ တပ်မ​တော်သား​ အစုအဖွဲ့​တွေက သီး​ခြား​တ​နေရာမှာ ထိုင်တယ်၊​ ကာကွယ်​ရေး​ ဦး​စီး​ချုပ်က စီစဉ်တဲ့​ ​နေရာမှာ ထိုင်တယ်။ လွှတ်​တော်ထဲမှာ မထိုင်ဘူး​။ အဲ့​တော့​ ကာကွယ်​ရေး​ဦး​စီး​ချုပ်ရဲ့​ ထိန်း​ချုပ်မှု​အောက်မှာ ဖြစ်မယ်ထင်တယ်။” “ကျ​နော်တို့​ အရပ်သား​ ​ရွေး​ကောက်ခံ ကိုယ်စား​လှယ်​တွေ​လောက်​တော့​ ဒီမိုကရက်တစ် ကျမကျ ဒါ​တော့​ မသိဘူး​။ ဒါနဲ့​ပတ်သက်ပြီး​ ​သေ​သေချာချာ ပြဌာန်း​ထား​တာ မ​တွေ့​လို့​။ ကျ​နော်တို့​ အရပ်သား​ကိုယ်စား​လှယ်​တွေမှာ​တော့​ နည်း​ဥပ​ဒေအရကို နာမည်စာရင်း​တွေ တင်မယ်။ လွတ်လွတ်လပ်လပ် နာမည်စာရင်း​ တင်နိုင်မယ်။ လွတ်လွတ်လပ်လပ် မဲခွဲ ဆုံး​ဖြတ်နိုင်မယ်။ လျှို့​ဝှက်မဲစနစ်နဲ့​။ တပ်မ​တော်သား​ ကိုယ်စား​လှယ်​တွေနဲ့​ ပတ်သက်ပြီး​တော့​ တိတိကျကျ ပြဌာန်း​ထား​တာ မဖတ်မိဘူး​။” ဒု-သမ္မတ ဦး​တင်​အောင်မြင့်​ဦး​ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၁၂ က ​အောင်မြင်ခဲ့​ပြီး​ တပ်မ​တော်ထဲမှာ ဗိုလ်ချုပ်ကြီး​အဆင့်​ထိ တာဝန် ထမ်း​ဆောင်ခဲ့​ဖူး​ပါတယ်။ ယခုနှစ် ​မေလဆန်း​ကတည်း​က ဦး​တင်​အောင်မြင့်​ဦး​ရဲ့​ ကျန်း​မာ​ရေး​ ဆိုး​ရွား​တဲ့​အတွက် ဒု-သမ္မတရာထူး​က​နေ နုတ်ထွက်သွား​တဲ့​ သတင်း​တွေ ထွက်​ပေါ်​နေ​ပေမယ့်​ အစိုး​ရက တရား​ဝင် သတင်း​ထုတ်ပြန်ခဲ့​တာ မရှိပါဘူး​။ အခုအချိန်မှာ​တော့​ ပြည်တွင်း​နဲ့​ပြည်ပ မြန်မာ့​နိုင်ငံ​ရေး​ သုံး​သပ်ကြသူ​တွေ ကြား​မှာ​တော့​ မြန်မာနိုင်ငံရဲ့​ သမ္မတ ဘယ်သူဖြစ်မလဲ ဆိုတာကို စိတ်ဝင်တစား​ ​စောင့်​ကြည့်​နေကြပါတယ်။ ပြည်​ထောင်စုကြံခိုင်​ရေး​နှင့်​ဖွံ့​ဖြိုး​ရေး​ပါတီ အတွင်း​ရေး​မှူး​ ဦး​ဌေး​ဦး​၊​ ​ရွေး​ကောက်ပွဲ​ကော်မရှင် ဥက္ကဋ္ဌ ဦး​တင်​အေး​၊​ စက်မှုဝန်ကြီး​ ဦး​စိုး​သိန်း​နဲ့​ ရန်ကုန်တိုင်း​ဝန်ကြီး​ချုပ် ဦး​မြင့်​ဆွေတို့​ကို ဒု-သမ္မတ ဖြစ်လာနိုင်​ချေရှိတယ်လို့​လည်း​ ခန့်​မှန်း​မှု​တွေ ထွက်​ပေါ်​နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024