DVB Logo
Home
မြန်မာသတင်း
ABSDF အဖွဲ့ဝင် ၉ ဦး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်
DVB
·
July 4, 2012
ABSDF အဖွဲ့ဝင် ၉ ဦး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်
Donate to DVB

သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဇူလိုင်လ ၃ ရက်နေ့က ပြန်လွတ်လာသူတွေထဲမှာ အဖွဲ့ဝင် ၉ ဦး ပါဝင်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) က ပြောပါတယ်။

ရဲမေ ၁ ဦးအပါအ၀င် ကျောင်းသားတပ်မတော်အဖွဲ့ဝင် ၉ ဦးဟာ ကျောင်းသား တပ်မတော်ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့အတွက် ပြည်တွင်းမှာ လှုပ်ရှားရင်း ဖမ်းဆီးခံခဲ့ရသူတွေပါ။

ABSDF  ဒု-ဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက “အားလုံးသိတဲ့အတိုင်းပဲ အထဲမှာတော့ ကျနော်တို့ အဖွဲ့အစည်းက ရဲဘော်တွေဆိုရင်တော့ အားလုံးဖောက်ခွဲရေး အမှုနဲ့ပဲ စွဲဆိုပြီးတော့မှ အမြင့်ဆုံး အပြစ်ဒဏ်တွေ ဖြစ်တဲ့ သေဒဏ် ချမှတ်ခြင်း ခံရတဲ့ ရဲဘော်တွေ များပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး လွတ်ငြိမ်းချမ်းသာ အမိန့်တွေ နဲ့ သေဒဏ်ကနေပြီးမှ တကျွန်း အပြောင်းခံထားရတဲ့ ရဲဘော်တွေလည်း ရှိတယ်။ တကျွန်းကနေတဆင့် နှစ် ၂၀ ပြောင်းထားတဲ့ ရဲဘော်တွေလည်း ရှိတယ်။ အားလုံး စုစုပေါင်း ၄၀ ကျော် ရှိပါတယ်။ အခု ၄၀ ကျော်ထဲမှာ ၉ ဦး လွတ်လာတယ်ဆိုတော့ ၃၀ ကျော်တော့ ကျန်သေးတာပေါ့နော်”လို့ ပြောပါတယ်။

ကျောင်းသားတပ်မတော်ဟာ လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ ပဏာမ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ ပြုလုပ်နေတဲ့ အဖွဲ့ဖြစ်ပြီး ဦးအောင်မင်း ခေါင်းဆောင် တဲ့ ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး ကော်မတီ မဲဆောက်ကို ရောက်ရှိတုန်းကလည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ကျန်နေသေးကြောင်းနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့ ABSDF  ဒုဥက္ကဋ္ဌ ရဲဘော်မျိုးဝင်း ကတောင်းဆိုလိုက်ပါတယ်။

“ဒီနေ့ကာလမှာ အကျဉ်းထောင်ထဲမှာ ဘယ်သူမှလဲ ယုံကြည်ချက်ကြောင့် ကျခံရတဲ့လူတွေ ဘယ်သူမှ မရှိသင့်တော့ပါဘူး။ ဒီနေ့ကာလ နိုင်ငံရေးကို ဖော်ဆောင်ရေးမှာ တဦးကောင်း တယောက်ကောင်းနဲ့ အကောင်အထည်ဖော်ဖို့ မရဘူးလို့ ယုံကြည်တယ်။ ဒါကြောင့်မို့ အားလုံးပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ် အားလုံးပါဝင်တဲ့ အသွင်ကူးပြောင်းမှု၊ အားလုံးပါဝင်တဲ့ ဖြစ်စဉ်ဖြစ်ဖို့ လိုတယ်။ အဲဒီလို နိုင်ငံရေး ဖြစ်စဉ်ဖြစ်ဖို့ ပူးပေါင်းပါဝင်ဖို့ဆိုရင် ယုံကြည်ချက် အကျဉ်းသားတွေ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ဖို့ လိုအပ်တယ်”။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးကို ၁၉၈၈ ခုနှစ် ၈လေးလုံး လူထုလှုပ်ရှားမှုအပြီး နယ်စပ်ဒေသကို ရောက်ရှိလာတဲ့ ကျောင်းသား လူငယ်တွေနဲ့ ဖွဲ့စည်းခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013