A d v e r t i s e m e n t With Us

ကျန်​နေတဲ့​ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျသူ​တွေကို လွှတ်​ပေး​ပါ (​ဒေါက်တာ ​ကျော်​ကျော်)

သမ္မတရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ ဇူလိုင်လ ၃ ရက် မြင်း​ခြံ​ထောင်က​နေ လွတ်​မြောက်လာတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ရေတာရှည် လွှတ်​တော်အမတ် ​ဒေါက်တာ​ကျော်​ကျော်က​တော့​ ဒီမနက်ပိုင်း​က ရန်ကုန်ကို ပြန်​ရောက်လာပြီ ဖြစ်ပါတယ်။ ​ဒေါက်တာ​ကျော်​ကျော်ဟာ ၂၀၀၃ ခုနှစ်က သစ်မှုနဲ့​ အာဏာပိုင်​တွေက သူ့​ကိုဖမ်း​ဆီး​ပြီး​ ​နောက်ပိုင်း​ အန်အယ်လ်ဒီအမတ်ဖြစ်တာ​ကြောင့်​ ​ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံထား​ရတာ ဖြစ်ပါတယ်။ အခု လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ သူလွတ်​မြောက်လာ​ပေမယ့်​ ကျန်​နေတဲ့​ ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျသူ​တွေကို အမြန်ဆုံး​လွတ်​ပေး​ဖို့​ ​တောင်း​ဆိုလိုက်ပါ တယ်။ ​ဒေါက်တာ​ကျော်​ကျော်ကို ​နော်နိုရင်း​ကဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။ အခု​လေ ဆရာက ပြန်လွတ်လာပြီဆို​တော့​ ဘာများ​ပြောချင်ပါလဲ။ “အထဲမှာ ကျ​နော့်​ရဲ​ဘော်ရဲဘက်​တွေလည်း​ ကျန်ခဲ့​သေး​တယ်​လေ။ အဲ့​လူ​တွေလည်း​ အမြန်ဆုံး​ပြန်လွတ်နိုင်ဖို့​၊​ အမြန်ဆုံး​လွှတ်​ပေး​နိုင်ဖို့​ ​ပြောချင်ပါတယ်။” မြင်း​ခြံ​ထောင်ထဲမှာ ဘယ်သူ​တွေ ကျန်​နေ​သေး​လဲ။ “ကချင်က ကို​ဇော်စိုင်း​နဲ့​ ​ကျောက်ပန်း​တောင်း​က ဦး​ကျော်ဒွန်း​ပါ။ ​နောက် ​ထောက်လှမ်း​ရေး​က ဗိုလ်ချုပ်သိန်း​ဆွေ။ သူတို့​အမြင်မှာ​တော့​ ​ထောက်လှမ်း​ရေး​ပါ။ ကျ​နော်တို့​ကျ​တော့​လည်း​ ​ထောက်လှမ်း​ရေး​ရယ် ဘာရယ် မဟုတ်၊​ အတူ​နေခဲ့​တဲ့​ တ​လျှောက်မှာ တစိတ်တဝမ်း​တည်း​ ဖြစ်ခဲ့​ကြတာ​ပေါ့​လေ။ သူတို့​ ၃ ​ယောက် ကျန်တာ​ပေါ့​။” အခုလွတ်လာတာက လွတ်ရက်​စေ့​လို့​လား​၊​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​လား​။ “လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ပါ။” ဆရာက ၁၉ နှစ် ကျထား​တာဆို​တော့​ ဘယ်တုန်း​က ကျခဲ့​တာလဲ။ “၂၀၀၃ ခုနှစ်ကပါ။ သစ်ပုဒ်မ​တွေနဲ့​လို့​ ​ယေဘုယျ ယူလိုက်ပါ။ ​ပြောရရင် တအား​ရှည်သွား​လိမ့်​မယ်။ သစ်မှု​တွေနဲ့​ ယူထား​တယ်ပဲ ထား​လိုက်ပါ။ ၂၀၀၂ မှာ ကျ​နော့်​ကို သစ်မှု​တွေနဲ့​ ဆင်ထား​တယ်။ သစ်မှု​တွေကို ၂၀၀၂ စက်တင်ဘာမှာ ဆင်ထား​တယ်။ ဖမ်း​တာကျ​တော့​ ၂၀၀၃ ခုနှစ် ဒီဇင်ဘာမှာ ဖမ်း​တယ်။ အဲ့​အချိန်ကာလမှာ ကျ​နော့်​ကို ညှိနှိုင်း​တာ​တွေ အများ​ကြီး​ ရှိတယ်။ ညှိနှိုင်း​ချက်​တွေကို လက်ခံရင် ဒီအမှု​တွေကို ဖျက်​ပေး​မယ်​ပေါ့​။” ဘယ်လို ညှိနှိုင်း​လဲ။ “အတိုဆုံး​ပြောရရင်​တော့​ အန်အယ်လ်ဒီက ထွက်ရမယ်​ပေါ့​။” အန်အယ်လ်ဒီက မထွက်​တော့​ ၁၉ နှစ် ချလိုက်တာ​ပေါ့​။ “ဒါပါပဲ။ အန်အယ်လ်ဒီက နုတ်ထွက်ရမယ့်​အပြင် အဖွဲ့​တခုမှာ လုပ်​ပေး​ရမယ်​ပေါ့​။ ကျ​နော် အဲ့​လောက်ပဲ ​ပြောချင်ပါတယ်။ သူတို့​လည်း​ အခု အထင်ကရ လုပ်​နေကြတယ် ဆို​တော့​လေ။ ကျ​နော့်​ကြောင့်​မို့​လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဦး​သိန်း​စိန် သွား​နေတဲ့​ လမ်း​ကြောင်း​ကို မပျက်​စေချင်ဘူး​လေ။” ​ထောင်တွင်း​ အ​ခြေအ​နေလည်း​ ​ပြောပြ​ပေး​ပါဦး​။ “ကျ​နော်တို့​ သီး​သန့်​အကျဉ်း​သား​တွေကျ​တော့​ ​ပြောရ​လောက်​အောင် မဆိုး​ဝါး​ပါဘူး​။ ပြီး​ခဲ့​တဲ့​လ ၂၉ ရက်​နေ့​ကျ​တော့​ ​ထောင်ပိုင်က​နေ ကျ​နော်တို့​ကို ရိုး​ရိုး​အကျဉ်း​သား​တွေ ဖြစ်သွား​ပြီလို့​ ​ပြောတယ်။ ကျ​နော်တို့​က ​နေ​ရေး​ စား​ရေး​ ဘာ​တွေ ​လျော့​သွား​မလဲဆို​တော့​ ဘာမှမ​လျော့​ပါဘူး​။ ခင်များ​တို့​အတွက် ​လျှော့​ရက်​တွေလည်း​ ​ပေး​သွား​မယ်​ပြောတယ်။ ဒါဆို ကျ​နော်တို့​က မြတ်တာ​ပေါ့​၊​ ဒါ​ကြောင့်​ လက်ခံခဲ့​တယ်။ ရိုး​ရိုး​အကျဉ်း​သား​တွေလိုပဲ ​လျှော့​ရက်လည်း​ရမယ်။ ​နေ​ရေး​စား​ရေး​လည်း​ ဘာမှမ​လျော့​ဘူး​ဆို​တော့​လေ။ ​နောက်ပိုင်း​မှာ​တော့​ ဘာဖြစ်လဲ ကျ​နော်မသိ​သေး​ဘူး​နော်။ ကျ​နော်တို့​ သီး​သန့်​အကျဉ်း​သား​တွေက​တော့​ ပြဿနာ ဒီ​လောက်မရှိလှဘူး​။ ဒါ​ပေမယ့်​ အထဲက ရိုး​ရိုး​အကျဉ်း​သား​တွေအတွက်က​တော့​ ​တော်​တော်​လေး​ ဒုက္ခ​ရောက်​နေကြတယ်။ ​တော်​တော်​လေး​ အကျပ်အတည်း​ ​တွေ့​နေကြတယ်။” ဘယ်လိုမျိုး​ အကျပ်အတည်း​တွေ ​တွေ့​ရတာလဲ။ “ဘယ်လို အကျပ်အတည်း​တွေ့​ရလဲဆို​တော့​ ​ထောင်ပိုင်အ​နေနဲ့​ မဆိုး​လှ​ပေမယ့်​ ​အောက်က အာဏာပိုင်က​နေ ကျပ်တဲ့​သ​ဘောမျိုး​လေး​တွေ​ပေါ့​။ ဥပမာဗျာ ​ထောင်ထဲမှာ ​ဆေး​လိပ်မ​သောက်ရဘူး​။ အပြင်မှာ ​ဆေး​လိပ်တစည်း​ ၅၀၀ ​ပေး​ရတဲ့​ဟာက ​ထောင်ထဲမှာ ၅၀၀၀ ​လောက်​ပေး​ပြီး​ အကျဉ်း​သား​တွေက ဝယ်​သောက်​နေရတယ်။ ဒီ​ဆေး​လိပ်​သောက်တာကို မြင်ပြန်ရင်လည်း​ အကျဉ်း​သား​ကို ​ခေါ်ပြီး​ ဝန်ခံလက်မှတ်ထိုး​ခိုင်း​တာတို့​၊​ ​ခြေကျင်း​ခတ်တာတို့​ လုပ်တယ်။ ဒီ​ဆေး​လိပ်က ဝန်ထမ်း​ဆီက လာတာ​လေ။ အမှန်ဖမ်း​ရမှာက ဝန်ထမ်း​ဆီမှာ ကတည်း​က ဖမ်း​ရမှာ။ အဲဒါကို အကျဉ်း​သား​ဆီကျမှ ဖမ်း​တယ်။ အကျဉ်း​သား​တွေမှာ မရှိမဲ့​ရှိမဲ့​နဲ့​ သူတို့​ပိုက်ဆံ​လေး​နဲ့​ သူတို့​ဝယ်တယ်။ အဲလို အဖမ်း​ခံလိုက်ရပြန်​တော့​ အသိမ်း​ခံလိုက်ရပြန်​တော့​ ဒုက္ခ​ရောက်သွား​ပြန်​ရော။ တကယ်လို့​ မသွင်း​ရဘူး​ဆိုရင်လည်း​၊​ လုံး​ဝ ဝန်ထမ်း​က သွင်း​ပေး​စရာ အ​ကြောင်း​မရှိဘူး​။ ဒီဟာက ဝန်ထမ်း​သွင်း​ပေး​မှ ရတာ​လေ။ “​နောက်တခုက ပြီး​ခဲ့​တဲ့​လကဆိုရင် ဝက်သား​ဟင်း​ကို ဝမ်း​သွား​မှာစိုး​လို့​ ​ပေး​မသွင်း​ဘူး​တဲ့​။ အခု ဒါ​တွေက ကျ​နော်တို့​ဆီမှာ မလုပ်ပါဘူး​။ သာမာန် အကျဉ်း​သား​တွေဘက်မှာ လုပ်တာ။ ဒါ​ပေမယ့်​ ​ထောင်ထဲမှာ ဝက်​ပေါ်​ရောင်း​တယ်။ ​ထောင်ထဲမှာ ကွမ်း​မစား​ရဘူး​လို့​ ​ပြောတဲ့​ အရာရှိက ကွမ်း​တွေဝါး​ပြီး​ပြော​နေတယ်။ အဲဒါ​တွေက မဖြစ်သင့်​ဘူး​လို့​ ကျ​နော်ထင်တယ်။ ​ထောင်ထဲမှာ ​ဆေး​လိပ်ကင်း​စင်နယ်​မြေဆိုပြီး​ ​ထောင်ထဲမှာ ​ဆေး​လိပ်တံဆိပ်ပတ် လုပ်ငန်း​ကို လုပ်တယ်။” “​နောက် ကျ​နော်တို့​ မြင်း​ခြံ​ထောင်က ​ဆေး​မှုနဲ့​ ကျတဲ့​သူ​တွေ များ​တယ်။ သူတို့​ကို အစိမ်း​ဖြတ် ဖြတ်လို့​မရပါဘူး​။ ​ဆေး​ပညာအမြင်အရ သူတို့​က တန်း​ပြီး​ ဖြတ်ခိုင်း​လို့​ မရဘူး​။ သူတို့​က ​ဆေး​လိပ်နဲ့​ပဲ အသက်ရှင်​နေရတယ်။ တချို့​ပုဂ္ဂိုလ်​တွေဆိုရင် ​သေဒဏ်ကျထား​တဲ့​ ပုဂ္ဂိုလ်တ​ယောက်ဆိုရင် ထမင်း​မစား​ရ ​နေပါ​စေ ​ဆေး​လိပ်​လေး​ တလိပ်​လောက် ​သောက်ရရင် ​ကျေနပ်တယ်ဆိုတဲ့​သူ​တွေရှိတယ်။ အဲလို လူမျိုး​တွေကို အခုလို လုပ်​တော့​ အကျဉ်း​သား​တွေ ​တော်​တော် ဒုက္ခ​ရောက်တယ်။” အခုလို လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ လွတ်လာတဲ့​အ​ပေါ်မှာ အစိုး​ရအ​ပေါ် ဘာ​ပြောချင်လဲ။ “ကိုယ့်​ကိုကိုယ် အပြစ်မရှိဘူး​လို့​ ထင်ထား​တယ်​လေ။ သူတို့​က အပြစ်ရှိတယ်ဆိုပြီး​ ​ထောင်ချထား​ပြီး​ပြီ လွှတ်​ပေး​သင့်​တယ် ထင်လို့​ လွှတ်​ပေး​လိုက်တယ်။ ကျ​နော်က ဒိကိစ္စ​တွေနဲ့​ ပတ်သက်လို့​ ဘာမှ သိပ်မ​ပြောချင်ပါဘူး​။” ဘာ​တွေ ဆက်လုပ်ဖို့​ စဉ်း​စား​ထား​လဲ။ “နိုင်ငံ​ရေး​ပဲ ဆက်လုပ်မှာပါ။ မနက်က ​လျှောက်လွှာတင်ပြီး​သွား​ပြီ။ ပါတီပြန်ဝင်ပြီး​ ဆက်ပြီး​ လှုပ်ရှား​ပေး​ရမှာ​ပေါ့​။ ကျ​နော့်​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ လမ်း​ညွှန်ချက်နဲ့​အညီ သူ့​ရဲ့​ တာဝန်​ပေး​ ခိုင်း​စေချက် မှန်သမျှ မဆုတ်မနစ်တဲ့​ ဇွဲနဲ့​ ဆက်လုပ်သွား​မှာပါ။”

A d v e r t i s e m e n t With Us

More News
Up