မန်းရွှေစက်တော်ဘုရား၊ အောက်စက်တော်ရာရင်ပြင်ထဲ ချောင်းရေများ စဝင် (ဓာတ်ပုံ)
DVB
·
June 11, 2018
မိုးဆက်တိုက်ရွာခဲ့လို့ မန်းရွှေစက်တော်ဘုရား၊ အောက်စက်တော်ရာ ရင်ပြင်ထဲကို မနေ့မွန်းလွဲပိုင်းက ချောင်းရေတွေ စဝင်နေပြီလို့ ဂေါပကအဖွဲ့ဝင် ဦးမြင့်သိန်းက ပြောပါတယ်။
မန်းရွှေစက်တော်ဘုရားဟာ မကွေးတိုင်း မင်းဘူး(စကု)မြို့နယ်မှာ တည်ရှိပြီး နှစ်စဉ် တန်ပို့တွဲ လဆန်း ၅ ရက်ကနေ နှစ်ဆန်း ၁ ရက်အထိ ရက်ရှည်ဘုရားပွဲတော် ကျင်းပလေ့ရှိပါတယ်။
ဓာတ်ပုံ - ဦးမြင့်သိန်း (ဂေါပက)