Home
မြန်မာသတင်း
ဖလမ်းမြို့တွင် မြေပြိုမှုဖြစ်ပွား၊ လူများ ထိခိုက်ဒဏ်ရာရမှု မရှိ
DVB
·
June 11, 2018
မိုးဆက်တိုက် ရွာသွန်းမှုကြောင့်  ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်မှာ ဒီကနေ့ မနက် ၅ နာရီခွဲလောက်က  မြေသားနဲ့ မြေထိန်းနံရံ ပြိုကျပျက်စီးသွားခဲ့တယ်လို့ မြို့နယ် ပြန်ဆက်ဌာနက သတင်းထုတ်ပါတယ်။ မိုးဆက်တိုက်ရွာသွန်းလို့ မြေသားပျော့မှုကြောင့် ဗလိုင်ရပ်ကွက်နေ ဦးရွန်ရိုထန်း အိမ်ရှေ့မြေသားနဲ့ မြေထိန်းနံရံ ပြိုကျပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါမြေထိန်းနံရံကို  ၂၀၁၅-၂၀၁၆ ခုနှစ်က ငွေကျပ်သိန်း ၇၀ လောက် ကုန်ကျခံကာ  ကိုယ့်အားကိုယ်ကိုး ဆောက်လုပ်ထားတာဖြစ်ပြီး ဆက်လက်ပြိုကျမှုကို ထိန်းသိမ်းကာကွယ်နိုင်ဖို့ လတ်တလော မိုးကာတွေနဲ့  အုပ်ထားတယ်လို့ သိရပါတယ်။ မြေသားနဲ့  မြေထိန်းနံရံ ပြိုကျမှုကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကတော့ မကြားသိရသေးပါဘူး။ ဓာတ်ပုံ- IPRD
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024