တမူးတွင် ငါးဖမ်းထွက်သူ ၂ ဦး မိုးကြိုးပစ်ခံရ၊ ၁ ဦးသေ

တမူးခရိုင်​ ခမ်းပတ်​မြို့တိန်းကယား​ကျေးရွာ​မှာ ဇွန်လ ၉ ရက်နေ့​ မနက်ပိုင်းက ငါးဖမ်းထွက်သူ ၂ ဦး မိုးကြိုးပစ်ခံရပြီး ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။ ဦးသိန်းမင်းစိုးနဲ့ ဦး​နေလင်း​မောင်​ တို့နှစ်ဦးဟာ ဘထ္ထရီအိုးနဲ့ လျှော့တိုက်​ငါးဖမ်းသွားရာမှ အိမ်ကိုပြန်လာချိန် တိန်းကယား​ကျေးရွာရဲ့ အ​နောက်ဘက်​ ၃ ဖာလုံခလောက်အကွာ တိန်းကယား-ကနန်​သွားလမ်းမ​ပေါ်မှာ အခုလို မိုးကြိုးပစ်ခံခဲ့ရတာပါ။ အဲဒီဖြစ်စဉ်ကြောင့် ဦးသိန်းမင်းစိုးဟာ ​မိုးကြိုးထိမှန်​ပြီး ခန္ဓာကိုယ်​ညိုမည်းကာ အခင်းဖြစ်​​နေရာမှာ သေဆုံးသွားပြီး ရုပ်​အ​လောင်းကို တိန်းကယား​ကျေးရွာရှိ သူ့နေအိမ်​ကို ပြန်လည်သယ်ဆောင်ခဲ့ပါတယ်။ ဦး​နေလင်းမောင်ကတော့ ဝဲဘက်​​ခြေ​ထောက်​ ထုံကျင်​ဒဏ်​ရာရရှိခဲ့တာကြောင့် ခမ်းပတ်​မြို့ ပြည်​သူ့​ဆေးရုံမှာ ​ဆေးကုသခံယူနေပါတယ်။ တမူးဒေသမှာ အခုလိုမိုးကြိုးပစ်ခံရပြီး သေဆုံးတာမျိုး အရင်ကမရှိခဲ့ဖူးဘူးလို့ ကျေးရွာ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်က ပြောပါတယ်။ သတင်း-ဂေါင်ဂေါင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up