DVB Logo
Home
မြန်မာသတင်း
ဇူလိုင် ၄ ရက် လွှတ်တော် အစည်းအဝေး
DVB
·
July 4, 2012
ဇူလိုင် ၄ ရက် လွှတ်တော် အစည်းအဝေး
Donate to DVB

ဒီကနေ့ စတင်တော့မယ့် လွှတ်တော်အစည်းအဝေးသက်တမ်းမှာ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ၊ အကြမ်းဖက်မီးရှို့မှုတွေ၊ တရားဥပဒေစိုးမိုးမှု စတာတွေနဲ့ ပတ်သက်လို့ တင်ပြကြဖို့ ပြင်ဆင်နေကြပါတယ်။

ဇူလိုင္လ စတင္မယ့်လြွတ်တော်အစည်းအဝေးတေမြွာ ရခိုင်ျပည္နယ္မျွာဖစ္ပ်က်နေတာတေဟြာ တရားဥပဒေစိုးမိုးမွု မရွိတာကနျေမစ္ဖ်ားချံပီး ပေါက္ကြဲလာတျာဖစ္တျာေကာင့် တရားဥပဒေစိုးမိုးရေးကိစဿစတင်ျပဖို့ ရွိတယ္လို့ အန်အယ္လ္ဒီပါတျီပန်ျကားရေးအဖြဲ့ဝင္လည်ျးဖစ် လြွတ်တ္ကောိုယ္စားလွယ် တဦးလည်ျးဖစ္တဲ့ ဦးအုန်ျးကိုင္ကျေပာပါတယ်။

ပည်တွင်းငြိမ်းချမ်းရေး၊ လွှတ်တော်ကျင်းပမယ့် အချိန်ဇယား ပြုလုပ်ရေး ကိစ္စ၊ ခေတ်နဲ့ မလျော်ညီတဲ့ဥပဒေတွေကို ပယ်ဖျက်ပေးဖို့၊ အလုပ်သမား၊ လယ်သမားအကျိုးစီးပွားကို ဘယ်လိုကာကွယ်နိုင်မလဲ ဆိုတာ မေးမြန်းကြဖို့ စီစဉ်ထားပြီ့း ဦးအောင်ကြည်ညွန့်နဲ့ ဦးနိုင်ငံလင်းတို့ နှစ်ဦးက ဆော်ဩရေးမှူးနဲ့ လက်ထောက် ဆော်ဩရေးမှူးတွေ အဖြစ် ဆောင်ရွက်မှာဖြစ်တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဋ္ဌ နိုင်ငွေသိမ်းက တိုင်းရင်းသားဒေသတွေ မှာ မြန်မာစကားမတတ်တဲ့ ကလေးတွေကို မိခင်ဘာသာစကားနဲ့ သင်ကြားစေတဲ့နည်းလမ်းကို တင်ပြဆွေးနွေးဖို့ သူတို့ပါတီက ကိုယ်စားလှယ်တွေ ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

ဖဆပလခေတ်တုန်းက မွန်စာပေ သင်ကြားခွင့်ပေးတယ် ဆိုပေမယ့် အချိန်ပိုချိန်မှာသင်တာ၊ စာမေးပွဲမစစ်တာကြောင့် အလေးထားမှုလျော့ကျခဲ့တာကို သူက ထောက်ပြပါတယ်။ အကြမ်းဖက် တိုက်ခိုက်မီးရှို့မှုတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် အခြေအနေရဲ့ ပတ်သက်တာတွေကိုလည်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (အာအယ်လ်ဒီပီ)က တင်ပြမယ်လို့ ပါတီဥက္ကဋ္ဌလည်းဖြစ် အမျိုးသားလွှတ်တော် အမတ်တဦးလည်းဖြစ်တဲ့ ဒေါက်တာအေးမောင်က ခုလို ပြောပါတယ်။

"အထူးသဖြင့် ပဋိပက္ခလွန် ကာလ သုံးသပ်ချက်ရယ်၊ နောင် ပဋိပက္ခမဖြစ်ဖို့ ကျနော်တို့ရဲ့ အကြံပြု တင်ပြချက် ရယ်၊ ဒေသဖွံ့ဖြိုးရေး နဲ့ ဒေသတည်ငြိမ်ရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ၊ နိုင်ငံရဲ့ ရေရှည် ပြည်ထောင်စု အချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ နိုင်ငံသားပြုမှုနဲ့ ပတ်သက်တဲ့၊ နိုင်ငံသားဥပဒေနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေကတော့ ကာလလေး တခု တခုမှာ မေးလာနိုင်ပါတယ်။ အဆိုပြုလာနိုင်ပါတယ်။"
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အမတ် ဒေါ်ခင်စောဝေကလည်း အစိုးရအဖွဲ့နဲ့ လွှတ်တော်အသီးသီးက ရာထူးတွေမှာ အမျိုးသမီးတွေကို ၃၀ ရာခိုင်နှုန်း တာဝန်ပေးအပ်နှင်းရေး တင်ပြဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်အမတ် ဦးသိန်းညွန့်ကလည်း လွှတ်တော်မှာ သူ ဆွေးနွေးဖို့တင်ပြတဲ့ ဥပဒေကြမ်း ၅ ခုက အဓိကကတော့ အဂတိလိုက်စားမှု တားမြစ်ရေးဥပဒေကြမ်း ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013