နှစ်သက်တမ်း ၁၀၀ အထိ ခံနိုင်ရည်ရှိသည့် ဒေါပုံတံတားသစ် ယာယီဖွင့်လှစ်

နှစ်သက်တမ်း ၁၀၀ အထိ ခံနိုင်ရည်ရှိတဲ့ သာကေတတံတားသစ် (ဒေါပုံတံတား) ယာယီဖွင့်ပွဲကို ဒီနေ့မနက် ပြုလုပ်ခဲ့ပါတယ်။ တံတားတည်ဆောက်မှုဟာ ၉၅ ရာခိုင်းနှုန်းလောက်အထိ ပြီးစီးတာကြောင့် ယာဉ်တွေ သွားလာရလွယ်ကူဖို့ အခုလိုဖွင့်လှစ်ခဲ့တာဖြစ်ပြီး အဲဒီတံတားကို ဂျပန်နိုင်ငံကနေ ချစ်ကြည်ရေးအနေနဲ့ လှူဒါန်းတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ “ဒီတံတားကြီးကို ယာယီဖွင့်တဲ့အနေ့ပေါ့။ အားလုံးပြီးစီးသွားပီဆိုတော့မှာ ကျနော်တို့က တကယ်တံတားကြီးကို အပြီးဖွင့်မှာပေါ့။ လောလောဆယ်မှာ သွားနိုင်လာနိုင်အောင်၊ အဆင်ပြေအောင်အတွက် လမ်းကြောင်း ၂ ကြောင်း ဖွင့်ပေးထားတာလည်း တွေ့ပါတယ်။ အဲဒီတော့ ဒီလမ်းကြီးဟာ အစက နဂိုဟိုဘက်မှာ သွားနေတဲ့ ကားလမ်းတွေထက်ကို ကားတစ်စီး သွားစာ ပိုပြီးကျယ်အောင် လုပ်ပေးထားတယ်” လို့ ဒေါပုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချိုက ပြောပါတယ်။ ဒေါပုံတံတားသစ်ကို ဂျပန်ယန်း သန်းပေါင်း ၄ ထောင်ကျော် အကုန်အကျခံတည်ဆောက်ထားတာပါ။ ဂျပန်နိုင်ငံရဲ့ အဆင့်မြင့်နည်းပညာနဲ့ တည်းဆောက်ထားတာဖြစ်သလို မြန်မာနိုင်ငံမှာ တည်ဆောက်မှု နည်းပညာအဆင့်အမြင့်ဆုံးလို့ တည်ဆောက်ခဲ့တဲ့ ပညာရှင်တွေက ပြောပါတယ်။ ဒေါပုံတံတားသစ်ဟာ လေးလမ်းသွားတံတားဖြစ်လို့ ခိုင်ခံ့မှုလည်းရှိတဲ့အပြင် သယ်ယူပို့ဆောင်ရေးအတွက် အချက်အချာကျပြီး နည်းပညာအဆင့်မြင့်တာကြောင့် မြန်မာနိုင်ငံမှာ ဒေါပုံတံတားမျိုး မရှိသေးဘူးလို့ တံတားဦးစီးဋ္ဌာနက အင်ဂျင်နီယာချုပ် ဦးကျော်လင်းက ပြောပါတယ်။ေ ဒေါပုံတံတားသစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုနဲ့ ဂျပန်နိုင်ငံရဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေက ၂၀၁၅ ခုနှစ် ဧပြီလက စတင်တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up