လီဗာပူးနှင့် ညှိနှိုင်းမှု အဆင်မပြေ၍ ဖက်ကီရာ လိုင်ယွန်အသင်းတွင် ဆက်ရှိမည်

လီဗာပူးအသင်းကနေ ခေါ်ယူဖို့ သေချာသလောက်နီးပါး ဖြစ်ခဲ့တဲ့ လိုင်ယွန်အသင်းရဲ့ ကွင်းလယ်ကစားသမား နေဘယ်ဖက်ကီရာဟာ ညှိနှိုင်းမှုအဆင်မပြေတာကြောင့် လက်ရှိအသင်းမှာပဲ ဆက်ရှိနေမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ လိုင်ယွန်အသင်းရဲ့ အသင်းခေါင်းဆောင် ဖက်ကီရာဟာ အခုအနေအထားကြောင့် လာမယ့်ရာသီ ပြင်သစ်မြေမှာပဲ ဆက်ရှိနေမယ့် အခြေအနေဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖက်ကီရာကို လီဗာပူးအသင်းကနေ ပေါင် ၅၃ သန်း၊ တစ်ပတ်လုပ်ခ ပေါင် ၁၄၀၀၀၊ ၅ နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ဖို့ထိ ညှိနှိုင်းနိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အပြောင်းအရွှေ့ အထမမြောက်ခဲ့တာဖြစ်ပါတယ်။ နည်းပြ ဂျာဂျင်ကလောပ့်အနေနဲ့ အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ ကော်တင်ဟိုနေရာမှာ ကာလရှည်ကစားသမားတဦးနဲ့ အစားထိုးဖို့အတွက် ဖက်ကီရာကို ခေါ်ယူလိုခဲ့တာဖြစ်ပါတယ်။ ဖက်ကီရာဟာ ပြီးခဲ့တဲ့ ရာသီက လိုင်ယွန်အသင်းအတွက် တစ်ရာသီတည်း ၂၃ ဂိုး သွင်းယူပေးခဲ့ပြီးတော့ အသက်ငယ်ငယ်နဲ့ အသင်းကို ဦးဆောင်ထားနိုင်သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖက်ကီရာဟာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားဝင်ရောက်ယှဉ်ပြိုင်ဖို့ လေ့ကျင့်ခန်းဆင်းနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up