ALPINE Cup 2018 ပြိုင်ပွဲ သတင်းစာရှင်းလင်း

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ယူ ၂၃ ပြိုင်ပွဲ သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ဇွန် ၉ ရက် နေ့လယ် ၁ နာရီက နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲအတွက် ALPINE ကုမ္ပဏီက ကျပ်သိန်း ၂၀၀၀ နဲ့ အဓိကစပွန်ဆာအဖြစ်ကူညီပံ့ပိုးတာကြောင့် ALPINE Cup 2018 အမည်နဲ့ မန္တလေးမြို့မှာ ကျင်းပမှာဖြစ်ပါတယ်။ Alpine Cup ယူ ၂၃ ဖိတ်ခေါ်ပြိုင်ပွဲကို သြဂုတ် ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။ ဒီပွဲမှာ အိမ်ရှင် မြန်မာ ယူ-၂၃ အသင်း၊ ဘာရိန်း ယူ-၂၃ အသင်း၊ ထိုင်း ယူ-၂၃ အသင်းနှင့် တောင်ကိုရီးယား ယူ-၁၉ အသင်းတို့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ယူ ၂၃ ဖိတ်ခေါ်ပွဲမှာ ချန်ပီယံဆုဖလားရတဲ့အသင်းကို အမေရိကန်ဒေါ်လာ ၁ သောင်းနဲ့ ဒုတိယရတဲ့အသင်းကို ကန်ဒေါ်လာ ၅ ထောင်ချီးမြှင့်မှာ ဖြစ်ပြီး တပွဲချင်းစီအလိုက် အကောင်းဆုံးကစားသမားဆုကိုလည်း ချီးမြှင့်မယ်လို့သိရပါတယ်။ ဒီပြိုင်ပွဲဟာ လာမယ့် ဇူလိုင်လအတွင်းမှာ အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်ရမယ့် မြန်မာယူ ၂၃ အသင်းအတွက် ပွဲအတွေ့အကြုံရှိစေဖို့ ယှဉ်ပြိုင်ကစားတာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up