အမေရိကန်က ထိန်းသိမ်းထားသူ ၁၆၀၀ ခန့်ကို ဖက်ဒရယ်အကျဉ်းထောင်ပို့

အမေရိကန် အာဏာပိုင်တွေဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်အဖွဲ့ (ICE) က ထိန်းသိမ်းထားသူ ၁,၆၀၀ လောက်ကို ဇွန်လ ၇ ရက်နေ့က  ဖက်ဒရယ်အကျဉ်းထောင်တွေဆီ လွှဲပြောင်းပို့ဆောင်ခဲ့ပါတယ်။ ဒီလိုပို့ဆောင်တာဟာ သမ္မတ ထရမ့်အစိုးရက အမေရိကန်ပြည်ထောင်စုအတွင်း တရားမ၀င်ရောက်လာသူတွေကို ဖြိုခွင်းတဲ့ကာလအတွင်း ပထမဆုံးအကြိမ် အရေအတွက် အများဆုံးကို ဖက်ဒရယ်အကျဉ်းထောင်တွေဆီ ပို့ဆောင်တာပဲဖြစ်ပါတယ်။ ဖက်ဒရယ် အကျဉ်းထောင် ၅ ခုဟာ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူတွေ အပါအ၀င် တရားရုံးကြားနာမှုစောင့်ဆိုင်းနေတဲ့ အထိန်းသိမ်းခံတွေကို ယာယီအားဖြင့် လက်ခံထားမယ်လို့ ICE ပြောခွင့်ရပုဂ္ဂိုလ်က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ အဲဒီ အကျဉ်းထောင်တွေထဲကတခုဟာ ကယ်လီဖိုးနီး ယားပြည်နယ် ဗစ်တာဗေးလ်မြို့မှာ ရှိပြီး လူ ၁,၀၀၀ လောက်ကို နေရာပေးဖို့ စီစဉ်ထားပါတယ်။ သမ္မတ ထရမ့်က တရားမ၀င် ရောက်လာသူတွေကို ပြည်နှင်ရေးအတွက် ဆက်လက် အကျဉ်းချထားမယ်လို့လည်း ကတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up