Saturday, June 10, 2023
Homeမြန်မာသတင်းကြန္ဖူးမင်း​သား​ ဂျက်ကီချန်း ​မြန်မာပြည် လာမည်

ကွန်ဖူး​မင်း​သား​ ဂျက်ကီချန်း ​မြန်မာပြည် လာမည်

ကုလသမဂ္ဂ က​လေး​များ​ရန်ပုံ​ငွေအဖွဲ့​ (ယူနီဆက်ဖ်) သံတမန် ကမ္ဘာ​ကျော် ရုပ်ရှင်မင်း​သား​ ဂျက်ကီချန်း​ဟာ ဇူလိုင် ၅ ရက်​နေ့​မှာ မြန်မာနိုင်ငံကို လာ​ရောက် လည်ပတ်မှာ ဖြစ်တယ်လို့​ ယူနီဆက်ဖ် ရန်ကုန်ရုံး​က အတည်ပြု ​ပြောပါတယ်။

photo-Jackie Chan Facebook

မင်း​သား​ ဂျက်ကီချန်း​ဟာ ကုလသမဂ္ဂရဲ့​ အစီအစဉ်နဲ့​ မြန်မာ က​လေး​သူငယ်​တွေကို ​တွေ့​ဆုံအား​ပေး​ဖို့​ ရည်ရွယ်ပြီး​ လာ​ရောက်မှာ ဖြစ်တယ်လို့​ ယူနီဆက်ဖ် မြန်မာရုံး​ ဆက်ဆံ​ရေး​အရာရှိ ​ဒေါ်စန္ဒာလင်း​က ​ပြောပါတယ်။

“သူလာတဲ့​ အဓိက ရည်ရွယ်ချက်က ချစ်ကြည်​ရေး​သံတမန်​တွေရဲ့​ လုပ်​နေကျထုံး​စံအတိုင်း​ မြန်မာနိုင်ငံမှာရှိတဲ့​ က​လေး​တွေရဲ့​ အ​ရေး​အရာ​တွေ ​လေ့​လာမယ်။ ​နောက် ရန်ပုံ​ငွေ လိုအပ်တဲ့​ ​နေရာ​တွေမှာရန်ပုံ​ငွေ မြှင့်​တင်တာ လုပ်မယ်။ က​လေး​တွေရဲ့​ ကိစ္စ​တွေနဲ့​ ပတ်သက်ပြီး​ ဒီထက်မက ပိုပြီး​အသိပညာ​ပေး​ မြှင့်​တင်အား​ပေး​နိုင်​အောင် လာတာ​ပေါ့​။ သူက ပညာ​ရေး​နဲ့​ ပတ်သက်ပြီး​တော့​လည်း​ ကြည့်​မယ်။ က​လေး​သူငယ်ကာကွယ်​စောင့်​ရှောက်​ရေး​နဲ့​ ပတ်သက်ပြီး​တော့​လည်း​ ကြည့်​မယ်။ လူကုန်ကူး​မှု ကိစ္စရပ်​တွေလည်း​ ပါမှာ​ပေါ့​နော်။ က​လေး​တွေနဲ့​ ​တွေ့​မယ်၊​ အား​ပေး​မယ်။ မြန်မာပြည်က က​လေး​တွေနဲ့​ ပတ်သက်ပြီး​တော့​ အလုပ် လုပ်​နေကြ တာ​တွေကို သူ့​အ​နေနဲ့​ လာ​လေ့​လာမယ်။”

ဂျက်ကီချန်း​ဟာ ဇူလိုင် ၅ ရက်​နေ့​မှာ တရုတ်နိုင်ငံ ​ဘေဂျင်း​မြို့​က​နေ အထူး​ ​လေယာဉ်နဲ့​ မန္တ​လေး​မြို့​ကို အရင်သွား​ရောက်မှာဖြစ်ပြီး​ အဲဒီ​နောက် ရန်ကုန်မြို့​ကို လာ​ရောက်မှာပါ။ ဇူလိုင် ၈ ရက်​နေ့​မှာ မြန်မာနိုင်ငံက​နေ ပြန်လည်ထွက်ခွာမှာဖြစ်ပြီး​ မထွက်ခွာခင်မှာ ရန်ကုန်မြို့​ ကုန်သည်ကြီး​များ​ဟိုတယ်မှာ မြန်မာ ခရီး​စဉ်နဲ့​ ပတ်သက်ပြီး​ သတင်း​စာရှင်း​လင်း​ပွဲ ကျင်း​ပဖို့​ ရှိပါတယ်။

အခုခရီး​စဉ်ဟာ ကုလသမဂ္ဂ က​လေး​များ​ရန်ပုံ​ငွေအဖွဲ့​ (ယူနီဆက်ဖ်)ရဲ့​ သံတမန် ကမ္ဘာ​ကျော် ရုပ်ရှင်မင်း​သား​ တဦး​အ​နေနဲ့​ မြန်မာနိုင်ငံကို ပထမဆုံး​ လာ​ရောက် လည်ပတ်မယ့်​ ခရီး​စဉ်လည်း​ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular