လေ့ကျင့်နေသည့် အင်္ဂလန်ကစားသမားများကို တော်ဝင်မင်းသား လာရောက်အားပေး

ဗြိတိန်ရဲ့ တော်ဝင်မင်းသား ၀ီလျံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ လေ့ကျင့်နေတဲ့ အင်္ဂလန်အသင်းဆီကို လာရောက်လည်ပတ်ခဲ့ပါတယ်။ မင်းသား ၀ီလျံဟာ အင်္ဂလန် လက်ရွေးစင် ကစားသမားတွေကို အားပေးဖို့အတွက် လာရောက်တာပါ။ ၀ီလျံဟာ အင်္ဂလန်နည်းပြ ဆောက်ဂိတ်အပါအ၀င် လက်ရွေးစင် ကစားသမားတွေနဲ့လည်း ရင်းရင်းနှီးနှီး တွေ့ဆုံစကားပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် လက်ရွေးစင်အသင်းနဲ့အတူ အမှတ်တရ ဓာတ်ပုံလည်း ရိုက်ကူးခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (ဂျီ) မှာ ဘယ်လ်ဂျီယမ်၊ ပနားမား၊ တူနီးရှားတို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up