ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းများထဲ အိမ်ရှင်ရုရှားအသင်း အဆင့်အနိမ့်ဆုံး သတ်မှတ်ခံရ

နိုင်ငံလက်ရွေးစင် ဘောလုံးအသင်းတွေရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွေ ထုတ်ပြန်ခဲ့ရာမှာ ရုရှားအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေထဲမှာ အဆင့်အနိမ့်ဆုံး အသင်းအဖြစ် သတ်မှတ်ခံရပါတယ်။ ကမ္ဘာ့ဖလားအိမ်ရှင် ရုရှားအသင်းဟာ ဇွန်လ ၇ ရက်က ထုတ်ပြန်လိုက်တဲ့ ကမ္ဘာ့အဆင့်မှာ အဆင့် ၇၀ အထိ ကျဆင်းသွားတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်းတွေထဲမှာ အဆင့်အနိမ့်ဆုံး ဖြစ်နေတာပါ။ ဒုတိယ အဆင့်အနိမ့်ဆုံးအသင်းအဖြစ် ဆော်ဒီအာရေဗျက အဆင့် ၆၇ နဲ့ ရပ်တည်နေပါတယ်။ ဒါကြောင့် ကမ္ဘာ့ဖလား အဖွင့်ပွဲကစားမယ့် ရုရှားနဲ့ ဆော်ဒီအသင်းတို့ရဲ့ ပွဲစဉ်ဟာ  ပြိုင်ပွဲဝင်အသင်းတွေထဲမှာ အဆင့်အနိမ့်ဆုံး အသင်းတွေ ကစားတဲ့ ပွဲစဉ်အဖြစ် မှတ်တမ်းဝင်မှာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၁ နေရာမှာတော့ ဂျာမနီအသင်းက အပြောင်းအလဲမရှိ ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ဘရာဇီးက အဆင့် ၂၊ ဘယ်လ်ဂျီယံက အဆင့် ၃ အသီးသီး ရပ်တည်ပါတယ်။ အဲဒီနောက်မှာ ပေါ်တူဂီ၊ အာဂျင်တီးနား၊ ဆွစ်ဇာလန်၊ ပြင်သစ်တို့က နောက်ကလိုက်နေပြီး အင်္ဂလန်အသင်းက အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up