DVB Logo
Home
မြန်မာသတင်း
ကေအိုင်​အေနဲ့​ဆက်စပ်ဖမ်း​ခံရသူ ကျန်း​မာ​ရေး​ ဆိုး​ဝါး
DVB
·
July 3, 2012
ကေအိုင်​အေနဲ့​ဆက်စပ်ဖမ်း​ခံရသူ ကျန်း​မာ​ရေး​ ဆိုး​ဝါး
1 / 2
Donate to DVB

ကချင်လွတ်လပ်​ရေး​တပ်မ​တော် (​ကေအိုင်​အေ)နဲ့​ ပတ်သက်တယ် ဆိုပြီး​ စစ်​ပြေး​ဒုက္ခသည် စခန်း​က​နေ ဖမ်း​ဆီး​ပြီး​ တရား​စွဲခံ​နေရတဲ့​ ကချင်အမျိုး​သား​ ဦး​လ​ထော်ဘရန်​ရှောင်ရဲ့​ ကျန်း​မာ​ရေး​ စိုး​ရိမ်​နေရပါတယ်။

[caption id="attachment_27420" align="alignleft" width="300" caption="ဦးလ​ထော်ဘရန်​ရှောင်ကို ဖမ်းဆီးခဲ့​စဉ်က (ဓာတ်ပုံ-Lachid Kachin)"][/caption]

အာဏာပိုင်​တွေက ဂျန်မိုင်​ကောင်း​ နှစ်ခြင်း​အသင်း​တော် စစ်​ရှောင် စခန်း​က​နေ ကချင်အမျိုး​သား​ ဦး​လ​ထော်ဘရန်​ရှောင်ကို ဖမ်း​ဆီး​ပြီး​ မတရား​အသင်း​နဲ့​ ဆက်သွယ်မှုနဲ့​ တရား​စွဲထား​တာပါ။

စစ်ဘက်​ရေး​ရာလုံခြုံ​ရေး​အဖွဲ့​က နှိပ်စက်လို့​ ဒဏ်ရာ​တွေရခဲ့​သလို စိတ်ကျန်း​မာ​ရေး​အတွက်လည်း​ စိုး​ရိမ်ရတယ်လို့​ ဦး​လ​ထောင်ဘရန်​ရှောင်ရဲ့​ ​ရှေ့​နေ ဦး​မာခါး​က ​ပြောပါတယ်။

“ပုံမှန်သွား​တွေ့​တော့​ သူက ပုံမှန်အ​နေအထား​တော့​ သိပ်မရှိ​တော့​ဘူး​။ ကျန်း​မာ​ရေး​က သူ့​ရဲ့​ ဘယ်ဘက်နား​ သိပ်မကြား​ရ​တော့​ဘူး​ပြောတယ်။ စိတ်ပိုင်း​ဆိုင်ရာမှာ​တော့​ ​ကြောက်ရွံ့​တဲ့​စိတ်ပဲ ပိုများ​နေတာ​ပေါ့​ ခုချိန်ထိ။ ပထမပိုင်း​မှာ ဘယ်သူနဲ့​မှ ​တွေ့​လို့​မရ​တော့​ သူက ​မျှော်လင့်​ချက်မဲ့​တဲ့​ပုံစံ ဖြစ်သွား​ပြီး​တော့​ တအား​ကြီး​ လူ့​အခွင့်​အ​ရေး​ချိုး​ဖောက်ခံရတဲ့​ ပုံစံဖြစ်​နေတာ​ပေါ့​။ ​ပြောရမယ်ဆိုရင် ရက်​ပေါင်း​အကြာကြီး​ လူတ​ယောက်ကို ဒီလိုဖမ်း​ဆီး​ပြီး​ နှိပ်စက်ပြီး​တော့​မှ ​ဖြောင့်​ချက်ယူတဲ့​ ပုံစံမျိုး​၊​ သူ့​ရဲ့​ ဒဏ်ရာ​တွေ ရှိ​နေတဲ့​ကြား​ထဲက ​ဖြောင့်​ချက်​တွေ ယူတာမျိုး​က တအား​ကြီး​ ဆိုး​တာ​ပေါ့​။”

ပြီး​ခဲ့​တဲ့​လ ၂၈ ရက်​နေ့​ မြို့​နယ်တရား​ရုံး​မှာ ရုံး​ထုတ်တုန်း​က စစ်ဘက်​ရေး​ရာလုံခြုံ​ရေး​အဖွဲ့​က ဦး​လ​ထော်ဘရန်​ရှောင်ကို သူတို့​ ထွက်ဆိုခိုင်း​တဲ့​ အတိုင်း​ ထွက်ဆိုတာ ဟုတ်မဟုတ် သိရ​အောင် ခန္ဓာကိုယ်မှာ အသံဖမ်း​စက် ထည့်​ပေး​တာကိုလည်း​ တရား​သူကြီး​က ​တွေ့​ခဲ့​တယ်လို့​ ဦး​မာခါး​က ​ပြောပါတယ်။

“သူ့​ဒဏ်ရာ​တွေကို ဆိုင်ကယ်​မှောက်လို့​ရတယ်လို့​ စရဘက ​ပြောခိုင်း​ထား​တယ်။ တရား​ရုံး​စစ်​တော့​လည်း​ သူ့​ကိုယ်မှာ အသံဖမ်း​စက်တပ်ထား​တာ ​တွေ့​ရှိခဲ့​တယ်။ သူ့​ကို ဝတ်​ပေး​ထား​တာ အင်္ကျီ ၂ ထည်၊​ ​အောက်ခံ အဖြူ​ရောင်လက်ပြတ် ဝတ်​ပေး​ထား​တယ်။ အဲ့​အ​ပေါ် ချက်အ​ပေါ်တည့်​တည့်​မှာ တိပ်နဲ့​ ကပ်ပြီး​ အသံဖမ်း​စက် အဖြူ​ရောင်နဲ့​ သူ ဘယ်လို ထွက်ဆိုတယ်၊​ သူတို့​ သင်ထား​သလို ​ပြော မ​ပြော၊​ သူတို့​ နှိပ်စက်ထား​တာကို ဝန်မခံ​အောင် မ​ပေါ်​အောင် ခြိမ်း​ခြောက်ထား​တဲ့​ ပုံစံ။ ဒါကို ​တွေ့​တော့​ တရား​သူကြီး​က စိတ်ဆိုး​ပြီး​ အထက်ကို တင်ပြရမယ်​ပြောတယ်။ အဲ​တော့​ စရဖ တ​ယောက်က အ​ပြေး​ဝင်ပြီး​တော့​ တရား​သူကြီး​ကို သူတို့​မသိလို့​ လုပ်မိတာပါ ဆိုပြီး​ ​တောင်း​ပန်ပြီး​ အသံဖမ်း​စက်ကို ပြန်ဖြုတ်မလို့​ လုပ်တယ်။ တရား​သူကြီး​က မဖြုတ်နဲ့​ ဆိုပြီး​ ဓာတ်ပုံရိုက်ယူပြီး​ မှတ်တမ်း​ယူလိုက်တယ်။”

နိုင်ငံပိုင်မီဒီယာ​တွေက ဦး​လ​ထော်ဘရန်​ရှောင်ကို ​ကေအိုင်​အေ ဗိုလ်ကြီး​လို့​ ​ကြေညာခဲ့​ပေမယ့်​ တရား​ရုံး​မှာ​တော့​ တပ်ကြပ်ကြီး​အဖြစ် ​ဖော်ပြထား​တယ်လို့​ ဆိုပါတယ်။

ကချင်ပြည်နယ်တိုက်ပွဲ​တွေ​ကြောင့်​ အမျိုး​အိမ်မှာ လာ​ရောက် ခိုလှုံတဲ့​ ဦး​လ​ထော်ဘရန်​ရှောင်ဟာ ဂျန်မိုင်​ကောင်း​ နှစ်ခြင်း​အသင်း​တော် စစ်​ရှောင် စခန်း​မှာ ခိုနား​ခဲ့​ပြီး​ အ​ဆောင် ၂ ​ဆောင်ရဲ့​ ​ခေါင်း​ဆောင်တာဝန်ယူ​နေတုန်း​မှာ အာဏာပိုင်​တွေက ဖမ်း​ဆီး​ခဲ့​တာလည်း​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013