Home
မြန်မာသတင်း
မြိတ်တက္ကသိုလ် ၃ ခုက ကျောင်းသားများကို ထိုင်းနိုင်ငံက ပညာသင်ဆုများပေးမည်
DVB
·
June 8, 2018
တနင်္သာရီတိုင်း၊ မြိတ်မြို့မှာရှိတဲ့ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နဲ့ မြိတ်တက္ကသိုလ်တွေအတွက် ထိုင်းနိုင်ငံက ပညာသင်ဆုတွေ ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံက ဘုရင့်တက္ကသိုလ် King Mongkut's of Technology အနေနဲ့ မြိတ်မြို့မှာရှိတဲ့ တက္ကသိုလ်တွေ ကျောင်းသူ/သားတွေကို ပညာသင်ဆုပေးဖို့ ဇွန် ၇ ရက်နေ့က မြိတ်မြို့၊ ဂရင်းဂျိတ်ဟိုတယ်မှာ လာရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ မြိတ်မြို့ရဲ့ စီးပွားရေး၊ ပညာရေး တိုးတက်စေဖို့ ရည်ရွယ်ပြီး အခုလို ပညာသင်ဆုတွေ လာရောက်ချီးမြှင့်တာလို့ AKM Tourism မှ ဦးအောင်ကြည်မြင့်က ပြောပါတယ်။ အဲဒီတက္ကသိုလ်က အစိုးရတက္ကသိုလ်ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အဓိက တက္ကသိုလ်ဖြစ်တဲ့ အပြင် ကမ္ဘာ့အဆင့်ကို တက်လှမ်းနေပြီ ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်း ၃ ကျောင်းက ကျောင်းသား ၂ ဦးစီ Beachlor အတန်းအတွက် တက်ခွင့်ရမှာဖြစ်ပြိး Master တန်းအတွက် ၁ ဦး၊ Ph.D တန်းအတွက် ၁ ဦးလည်း တက်ခွင့်ရမယ်လို့ ဆိုပါတယ်။ Bachelor တန်းအတွက် ၄ နှစ်အတွက် ကျောင်းလခလွတ်ငြိမ်းခွင့် ၁ လ ထောက်ပံ့ကြေး ဘတ် ၁ သောင်းခွဲ ရရှိမှာ ဖြစ်ပြီး Master တန်း စာသင်နှစ် ၄ နှစ်အတွက် ဘတ် ၃၂၀၀၀၀၊ ထောက်ပံ့ကြေး လစဉ် ဘတ် ၁ သောင်းခွဲ နဲ့ နေစရာ စီစဉ်ပေးမယ်လို့ သိရပါတယ်။ Ph.D တန်း စာသင်နှစ် ၃ နှစ်အတွက် ဘတ် ၇ သိန်း ၂ သောင်း၊ လစဉ်ထောက်ပံ့ကြေး ဘတ် ၁ သောင်းခွဲနဲ့ နေရာထိုင်ခင်းစီစဉ်ပေးမှာဖြစ်ပြီး ပညာသင်ဆု ရရှိသူတိုင်း သင်တန်း ၁ နှစ်အတွက် အသွားအပြန် လောယာဉ်လက်မှတ် အခမဲ့ရမယ်လို့ ဦးအောင် ကြည်မြင့်က ပြောပါတယ်။ "စာချုပ်ထဲမှာတော့ပညာသင်ဆုရပြီး ဘွဲ့ရလာတဲ့ သူက မြိတ်ခရိုင်မှာ ၂ နှစ် အလုပ်အကျွေးပြုရမယ်။ မြိတ်တက္ကသိုလ် ၃ ခုမှာ ပညာသင်နေတဲ့ကျောင်းသူ/ သားများဆိုပေမယ့် တခြားမြို့ကနေလာရောက်ကျောင်းတက်တဲ့ သူတွေလည်း ၀င်ရောက်ရွေးချယ်ခွင့်ရှိပါတယ်။ တခြားချုပ်ခြယ်မှုတွေ မရှိပါဘူး။ Masterတန်းအတွက် အသက် ၃၅ နှစ် အောက်နဲ့ Ph.D တန်းအတွက် အသက် ၄၀ ထက်မကြီးတဲ့ သူတွေဖြစ်ရပါမယ်။” ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှ တက္ကသိုလ် ကျောင်းသားတွေကို ပညာသင်ဆုပေးဖို့ အစီအစဉ်တွေ ရှိပေမယ့် MOU ထိုးဖို့ နှောင့်နှေးတာတွေ ရှိနေကြောင်း သိရပါတယ်။ မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024