DVB Logo
Home
မြန်မာသတင်း
ထိုင်း​ရောက်မြန်မာများ​ ဘဏ်က​နေ ပိုက်ဆံပြန်ပို့​နိုင်ပြီ
DVB
·
July 3, 2012
ထိုင်း​ရောက်မြန်မာများ​ ဘဏ်က​နေ ပိုက်ဆံပြန်ပို့​နိုင်ပြီ
Donate to DVB

ထိုင်း​က ဘဏ်တခုနဲ့​ မြန်မာပြည်က ဘဏ်တခုတို့​ဟာ မြန်မာလုပ်သား​တွေ အတွက် ရည်ရွယ်ပြီး​ ပထမဆုံး​အကြိမ် တရား​ဝင် ​ငွေလဲလုပ်ငန်း​ကို စတင်လိုက်ပါတယ်။

ထိုင်း​နိုင်ငံ Kasikorn (K bank)နဲ့​ မြန်မာနိုင်ငံ အာရှစိမ်း​လန်း​မှုဖွံ့​ဖြိုး​ရေး​ဘဏ်တို့​ ချိတ်ဆက်​ဆောင်ရွက်လိုက်ကြတဲ့​ ဒီအစီအစဉ်​ကြောင့်​ ထိုင်း​ရောက် မြန်မာပြည်သား​တွေ တရား​ဝင်လမ်း​ကြောင်း​က​နေ ဇူလိုင် ၂ ရက်​နေ့​ကစပြီး​ ​ငွေလွှဲ​ငွေယူ လုပ်နိုင်ကြပြီ ဖြစ်ပါတယ်။

ဝန်​ဆောင်မှုလုပ်ငန်း​တွေကို​တော့​ စတင်လက်ခံ​ဆောင်ရွက်​ပေး​နေပြီလို့​ အာရှစိမ်း​လန်း​မှုဖွံ့​ဖြိုး​ရေး​ဘဏ်ရဲ့​ ဝန်ထမ်း​တဦး​က အခုလို​ပြောပါတယ်။

“နိုင်ငံခြား​မှာ သွား​အလုပ်လုပ်​နေတဲ့​ မြန်မာလုပ်သား​တွေ သူတို့​ မိသား​စုဆီကို စိတ်ချလက်ချ ​ငွေလွှဲလို့​ရနိုင်​အောင် ကျမတို့​ဘဏ်က ​ဆောင်ရွက်​ပေး​တာပါ။ အခု​လော​လောဆယ်​တော့​ မြန်မာလုပ်သား​များ​အတွက် ဖြစ်ပါတယ်။ ​ငွေလွှဲမယ့်​ တိုင်း​ပြည်​ပေါ်မှာ မူတည်ပြီး​တော့​ အဲဒီဘဏ်​တွေနဲ့​ ဆက်သွယ်လို့​ရှိရင် လိုအပ်ချက်​တွေကို သူတို့​ ​ဖောင်​တွေ ဖြည့်​ခိုင်း​ပါလိမ့်​မယ်။ ​ကေဘဏ်နဲ့​က​တော့​ ကျမတို့​က ​ငွေလွှဲဝန်​ဆောင်ခကို ​လျော့​ပြီး​တော့​ စက်တင်ဘာလအထိ discount ​ပေး​ထား​ပါတယ်။”

ဒီလုပ်ငန်း​စတင်ဖို့​ ​မေလပိုင်း​က သ​ဘောတူစာချုပ်ခဲ့​တာလို့​ သူက ​ပြောပါတယ်။ မြန်မာပြည်က အာရှစိမ်း​လန်း​မှုဖွံ့​ဖြိုး​ရေး​ဘဏ်ဟာ ထိုင်း​နဲ့​ မြန်မာ​ငွေလွှဲခြင်း​ လုပ်ငန်း​ကို ပထမဆုံး​ စတင်လုပ်​ဆောင်ခဲ့​တာ ဖြစ်ပါတယ်။

ဒီဝန်​ဆောင်မှု​ကြောင့်​ ထိုင်း​ရောက် မြန်မာအလုပ်သမား​တွေဟာ တကြိမ်ကို ​ငွေလွှဲခ ဘတ်​ငွေ ၁၅၀ နဲ့​ ၁ ရက်ကို ဘတ်​ငွေ ၉ ​သောင်း​အထိ လွှဲနိုင်တယ်လို့​ ​ပြောပါတယ်။ ​ငွေလွှဲနှုန်း​က​တော့​ ထိုင်း​ဘတ်နဲ့​ ​ဒေါ်လာ​ငွေ လဲလှယ်နှုန်း​ပေါ် မူတည်ပါတယ်လို့​ အဲဒီဘဏ်ဝန်ထမ်း​က ဆက်​ပြောပါတယ်။

ထိုင်း​နိုင်ငံ ​ကေဘဏ်က ​ငွေလွှဲချင်တဲ့​ မြန်မာအလုပ်သမား​တွေကို သူတို့​ဘ်မှာ စာရင်း​လာဖွင့်​ဖို့​ ဖိတ်​ခေါ်လိုက်ပြီး​ အထူး​အစီအစဉ်အဖြစ် အစပထမ ၃ လမှာ ဝန်​ဆောင်ခ ဘတ် ၁၀၀ ထိ​လျှော့​ပေး​မှာ ဖြစ်ပါတယ်။ ​ငွေသွင်း​ငွေထုတ်နည်း​ အ​သေး​စိတ်ကို ဘဏ်စာရင်း​လာဖွင့်​တဲ့​အခါကျရင် တာဝန်ကျဝန်ထမ်း​က ရှင်း​ပြမှာ ဖြစ်ပါတယ်။ အာရှစိမ်း​လန်း​မှုဖွံ့​ဖြိုး​ရေး​ဘဏ်မှာလည်း​ စာရင်း​ဖွင့်​ထား​တယ်ဆိုရင် နာရီပိုင်း​အတွင်း​ ​ငွေလက်ခံရမှာဖြစ်​ကြောင်း​ ကစီကွမ်း​ဗဟိုဘဏ်ဝန်ထမ်း​က ​ပြောပါတယ်။

နေ့​စဉ်​ငွေလွှဲနှုန်း​တွေကို ​ငွေလဲဌာန (exchange) ​ကောင်တာ​တွေမှာ ​မေး​မြန်း​ စုံစမ်း​နိုင်ပြီး​ တခြား​သိလိုတဲ့​ အချက်​တွေအတွက် မြန်မာပြည်မှာဆိုရင် ရတနာပုံ ဖုန်း​ခေါ်ဆို​ရေး​ဌာန ၁၈၇၆ နဲ့​ ထိုင်း​နိုင်ငံဆိုရင် ၀၂ ၈၈၈၈၈၈၈ - ကြယ်ပွင့်​ နဲ့​ ၅ ကို ​မေး​မြန်း​နိုင်တယ်လို့​ ဆိုပါတယ်။

ထိုင်း​နိုင်ငံမှာ မြန်မာအများ​စု အလုပ်လုပ်​နေကြတဲ့​ ဘန်​ကောက်၊​ ဆမွတ်ဆာ​ခေါင်း​၊​ ဆမွတ်ပရကန်၊​ ပထုန်ဌာနီ၊​ ချွန်း​ပူရီး​၊​ လ​ယောင်း​၊​ ဆုရတ်ဌာနီ၊​ ဆုန်ခရာနဲ့​ ဖူး​ခက် စတဲ့​ မြို့​နယ်​ပေါင်း​ ၁၁ မြို့​နယ်က ​အေတီအမ်စက်အလုံး​ပေါင်း​ ၁၈၀၀ မှာ မြန်မာဘာသာကိုလည်း​ ထည့်​သွင်း​ပေး​ထား​တာ​ကြောင့်​ ​အေတီအမ် ကဒ်က​နေပြီး​တော့​လည်း​ ​ငွေလွှဲနိုင်တယ်လို့​ ကစီကွမ်း​ဘဏ်ဝန်ထမ်း​က ​ပြောပါတယ်။

မကြာခင်မှာ က​မ္ဘောဇဘဏ်ကလည်း​ ထိုင်း​နိုင်ငံက Siam commercial Bank (ထိုင်း​ဖား​နစ်)ဘဏ်နဲ့​ ပူး​ပေါင်း​ဆောင်ရွက်သွား​ဖို့​ နှစ်ဖက်ဘဏ် သ​ဘောတူစာချုပ်ကို ဇွန် ၂၈ ရက်​နေ့​က ထိုင်း​နိုင်ငံမှာ လက်မှတ်​ရေး​ထိုး​ခဲ့​ကြတယ်လို့​ ဇူလိုင် ၃ ရက်ထုတ် နိုင်ငံပိုင်သတင်း​စာက ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013