Live
Home
မြန်မာသတင်း
မွန်ပြည်နယ်ကိုယ်စားပြု အလံသစ် ကန့်ကွက်သူမရှိ အတည်ပြုသတ်မှတ်
DVB
·
June 8, 2018
မွန်ပြည်နယ်ကိုယ်စားပြု အလံသစ်ကို ဒီကနေ့ ဇွန်လ ၈ ရက်နေ့မနက်က မွန်ပြည်နယ်လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်သူမရှိ အတည်ပြု သတ်မှတ်လိုက်ပါတယ်။ အောက်ခံအနီရောင်ပေါ်မှာ ရွှေရောင်ရှိတဲ့ ဟင်္သာအဖိုက အလံရဲ့အလယ်မှာ ရပ်နေတဲ့ သဏ္ဌာန်ရှိတဲ့ မွန်ပြည်နယ်ကိုယ်စားပြု အလံကို အတည်ပြု သတ်မှတ်လိုက်တာပါ။ အလံရဲ့ အရွယ်အစားကိုတော့ အလျား ၆ ပေ၊ အနံ ၄ ပေ (၃း ၂) အဖြစ် သတ်မှတ်ထားပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရဲ့ ကိုယ်စားပြုအလံတွေ အသီးသီးရှိတဲ့အနက် မွန်ပြည်နယ်ကိုယ်စားပြု အလံကို အသစ်ပြန်လည်သတ်မှတ် အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ အရင်ကတော့ မွန်ပြည်နယ်ကိုယ်စားပြု အလံအဖြစ် အပြာရောင်နောက်ခံမှာ ဟင်္သာငှက်ရုပ်ပုံကို ရေးထိုးပြီး မွန်ပြည်နယ်အမည်စာတန်းကို ဟင်္သာရဲ့အောက်မှာ ရေးထိုးထားတာပါ။ အဲဒီအလံဟောင်းကို ၁၉၇၄ ခုနှစ်ကတည်းက အတည်ပြုပြီး နှစ်ပေါင်း ၄၀ ကျော်ကြာ အသုံးပြုခဲ့ပါတယ်။ သတင်း-ကျော်စိုး

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024