Home
မြန်မာသတင်း
Balala မုန့်စက်ရုံ အလုပ်သမားနှင့် အလုပ်ရှင်ကြား ပြေလည်မှုရရှိ
ရန်နိုင်ဇော်ဝင်း
·
June 7, 2018
34560783_591387154580245_1128445469534453760_n
  အငြင်းပွားမှုဖြစ်နေတဲ့ ဒဂုံဆိပ်ကမ်းစက်မှုဇုန်ထဲက Blaala မုန့်စက်ရုံက ဆန္ဒပြ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား ပြေလည်မှုရရှိပြီလို့ အလုပ်သမားတွေက ပြောတယ်။ စက်ရုံပေါက်ကိုပိတ်ဆို့ဆန္ဒပြလို့ မြို့နယ်ရဲစခန်းမှာ ဖွင့်ထားတဲ့အမှုကိုလည်း စက်ရုံ ဘက်က ပြန်လည်ရုပ်သိမ်းပေးလိုက်ပြီလို့လည်း အလုပ်သမားတွေက ပြောပါတယ်။ အစိုးရက အနိမ့်ဆုံးလုပ်ခလစာကို တိုးမြှင့်သတ်မှတ်ပြီးနောက် အလုပ်ရှင်တွေက အလုပ်သမားတွေကို ထုတ်လုပ်မှုစံချိန် တိုးတောင်းရာကနေ အငြင်းပွားမှုဖြစ်ခဲ့တာပါ။ အလုပ်သမားတွေဘက်ကတော့ စံချိန်တိုးတောင်းတာကို ညှိနှိုင်းပြေလည်ခဲ့ပေမယ့် အလုပ်ရှင်က အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ကို အလုပ်က ထုတ်ပယ်လိုက်လို့ ပိတ်ဆို့ဆန္ဒပြမှုဖြစ်ပွားခဲ့တာပါ။ လက်ရှိအချိန်မှာတော့ နှစ်ဘက်ညှိနှိုင်းမှုပြေလည်ပြီဖြစ်လို့ အလုပ်သမားတွေ လုပ်ငန်းခွင်ထဲ ပြန်ဝင်နေပြီဖြစ် တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024