ဗြိတိန်ရှိ ဇိမ်ခံဟိုတယ်တခု မီးလောင် (ရုပ်သံ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Knightsbridge အရပ်ရှိ ဇိမ်ခံဟိုတယ်တခု ဇွန်လ ၆ ရက်နေ့က မီးလောင်ခဲ့တာကြောင့် မီးသတ်ကား ၂၅ စီးနဲ့ အတူ မီးသတ်သမား ၁၂၀ လောက် ကြိုးစားငြှိမ်းသတ်ခဲ့ရပါတယ်။ ကြယ်ငါးပွင့်အဆင့်ရှိ Mandarin Oriental Hyde Park ဟိုတယ်မှာ လောင်ကျွမ်းခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှု ရှိမရှိ မသိရသေးဘူးလို့ လန်ဒန်မီးသတ်ဌာနက ပြောပါတယ်။ အဲဒီဟိုတယ်ဟာ သက်တမ်း ၁၁၅ နှစ်ရှိ သမိုင်းဝင်ဟိုတယ်ဖြစ်ပြီး မကြာခင်ကမှ ပြုပြင်မှုတချို့ လုပ်ဆောင်ခဲ့ကြောင်းလည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up