DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသား ၂၀ ကော်် လတ်ြမြောက်
DVB
·
July 3, 2012
နိုင်ငံရေးအကျဉ်းသား ၂၀ ကော်် လတ်ြမြောက်
Donate to DVB

ဒီ​နေ့​ဝါဆိုလပြည့်​နေ့​မှာ ထုတ်ပြန်တဲ့​ သမ္မတရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​ကြောင့်​ မြန်မာနိုင်ငံတဝန်း​မှာရှိတဲ့​ အကျဉ်း​ထောင်​တွေက​နေ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀ ​ကျော်​လောက် ပြန်လွတ်လာကြပါတယ်။



နိုင်ငံ​ရေး​လုပ်ငန်း​စဉ်​တွေမှာ အား​လုံး​ပါဝင်နိုင်ခွင့်​ရဖို့​နဲ့​ လူသား​ချင်း​ စာနာ​ထောက်ထား​တဲ့​အ​နေနဲ့​ အမျိုး​သမီး​ အကျဉ်း​သား​ ၉ ဦး​ အပါအဝင် မြန်မာနိုင်ငံသား​ အကျဉ်း​သား​ ​ပေါင်း​ ၄၆ ဦး​ကို လွတ်ငြိမ်း​ချမ်း​သာခွင့်​ပေး​ရာမှာ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေလည်း​ ပါလာတာ ဖြစ်ပါတယ်။

သမ္မတရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ လွှတ်လိုက်တဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​ ၄၆ ဦး​ ထဲမှာ နှစ်ရှည်နိုင်ငံ​ရေး​ အကျဉ်း​သား​ ၉၆ မျိုး​ဆက် ဗကသ ​ကျောင်း​သား​ခေါင်း​ဆောင် ကို​အေး​အောင် အပါအဝင် နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀ ​ကျော် လွတ်လာတဲ့​ စာရင်း​ရပြီလို့​ ပြည်တွင်း​အ​ခြေစိုက် နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​များ​ အဖွဲ့​က ​ပြောပါတယ်။

ပြန်လွတ်လာသူ​တွေထဲက အင်း​စိန်​ထောင်တွင်း​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၁ ဦး​ လွတ်​မြောက်လာပြီး​ နယ်​ထောင်​တွေဖြစ်တဲ့​ က​လေး​၊​ သရက်၊​ ပြည်၊​ မြစ်ကြီး​နား​၊​ ကသာ၊​ မန္တ​လေး​၊​ မြင်း​ခြံ၊​ ထား​ဝယ်၊​ ဘား​အံနဲ့​ ​တောင်ငူ​ထောင်​တွေက နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၂ ဦး​ လွတ်​မြောက်လာပါတယ်။

ပြန်လွတ်လာသူ​တွေထဲက ​ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံထား​ရတဲ့​ ဗကသ ​ကျောင်း​သား​ခေါင်း​ဆောင် ကို​အေး​အောင် (က​လေး​ထောင်)၊​ ​ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံထား​ရတဲ့​ အန်အယ်လ်ဒီအမတ် ​ဒေါက်တာ​ကျော်​ကျော် (မြင်း​ခြံ)၊​ ​ထောင်ဒဏ် တသက်တကျွန်း​ အပါအဝင် အနှစ် ၂၀ နဲ့​ ချမှတ်ခံထား​ရတဲ့​ ကိုသန့်​ဇော် (သရက်)၊​ ပြည့်​ဖြိုး​မောင်(ပြည်)၊​ ​အောင်​အောင်ဦး​(ကသာ) တို့​လည်း​ လွတ်​မြောက်ခဲ့​ပါတယ်။

ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံထား​ရတဲ့​ ​ကျောင်း​သား​ခေါင်း​ဆောင် ကို​အေး​အောင် လွတ်​မြောက်လာမှုအ​ပေါ် သူ့​ရဲ့​အ​ဖေ ဦး​သောင်း​စိန်က ဝမ်း​သာကြိုဆို​ကြောင်း​ ​ပြောပါတယ်။ ပြန်လွတ်လာတဲ့​ ကို​အေး​အောင်က​တော့​ ဒီလို လွတ်​မြောက်မှုအ​ပေါ် အခုလို ​ပြောပါတယ်။

“လွတ်​မြောက်တယ်ဆိုတာက​တော့​ ကျ​နော်နား​လည်တာက လုံခြုံမှုရှိမှ လွတ်​မြောက်တယ်လို့​ ထင်တာပဲ။ အား​လုံး​ပြောကြတဲ့​ တရား​ဥပ​ဒေစိုး​မိုး​မှု​ပေါ့​။ ဥပ​ဒေစိုး​မိုး​မှု ရှိသလား​။ ဥပ​ဒေဟာ လုံခြုံမှုရှိ​အောင် ကာကွယ်​ပေး​သလား​။ အဲဒါဆိုရင်​တော့​ တကယ်လွတ်​မြောက်တာပါပဲ။ အခု ကျ​နော်ကြား​ရသ​လောက်​တော့​ လွတ်​မြောက်တယ်ဆိုတာ ဘယ်လိုလဲ ကျ​နော် မသိ​သေး​ဘူး​။”

ကို​အေး​အောင်ဟာ ၁၉၉၈ နှစ်ကုန်ပိုင်း​မှာ အဖမ်း​ခံရပြီး​ နိုင်ငံ​ရေး​ပုဒ်မလို့​ လူသိများ​တဲ့​ ပုဒ်မ ၅ (ည) လိုပုဒ်မ​တွေနဲ့​ ​ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခံခဲ့​ရ သူဖြစ်ပါတယ်။

သန်လျင်​ရေနံချက် စက်ရုံ ဗုံး​ကွဲမှု သံသယနဲ့​ ​ထောင်ဒဏ်တသက်တကျွန်း​နဲ့​ အနှစ် ၂၀ ချမှတ်ခံထား​ရသူ တဦး​ဖြစ်တဲ့​ ကိုသန်း​ဇော်လည်း​ ဒီ​နေ့​ သရက်​ထောင်က​နေ လွတ်​မြောက်လာပါတယ်။ လွတ်​မြောက်လာမှုအ​ပေါ် သူက ခုလို ဆိုပါတယ်။

“အခု လွတ်​မြောက်လာတဲ့​အ​ပေါ်မှာ ကျ​နော့်​ကို လွှတ်​ပေး​တဲ့​အတွက် ​ကျေး​ဇူး​လည်း​ မတင်ဘူး​။ ဝမ်း​လည်း​မသာဘူး​။ အစကတည်း​က ဖမ်း​စရာမလိုတဲ့​ အမှုနဲ့​ ချထား​တာ။ ဒီ​လောက်နှစ်​တွေအများ​ကြီး​ ချထား​တာ။ ဆယ်စုနှစ် ၂ စု​ကျော်။ ကျ​နော်ရဲ့​ လူငယ်ဘဝလည်း​ ​ထောင်ထဲမှာပဲ ကုန်ဆုံး​သွား​တယ်။ ဒါ​ကြောင့်​ ​ကျေး​ဇူး​လည်း​ မတင်ဘူး​။ ဝမ်း​လည်း​မသာဘူး​။ ​အောင်လံ​ရောက်​တော့​ ​အောင်လံအဖွဲ့​ချူပ်လူငယ်၊​ လူကြီး​တွေက ​နွေး​နွေး​ထွေး​ထွေး​ ကြိုဆိုကြတယ်။ ဒါကို​တော့​ ဝမ်း​သာရတယ်။”

မြင်း​ခြံ​ထောင်က​နေ လွတ်လာတဲ့​ ​ဒေါက်တာ​ကျော်​ကျော်ရဲ့​ သမီး​ မ​မေမျိုး​ကျော်ကလည်း​ ဖခင်လွတ်လာတဲ့​အ​ပေါ် ဝမ်း​သာ​ပေမယ့်​ ကျန်​နေတဲ့​ သူအတွက် စိတ်မ​ကောင်း​ဘူး​လို့​ ​ပြောပါတယ်။

“ဝမ်း​သာပါတယ်။ ဒါ​ပေမယ့်​ ကျန်​နေ​သေး​တဲ့​ လူ​တွေအတွက် စိတ်မ​ကောင်း​ဘူး​။ မြင်း​ခြံမှာ ၂ ​ယောက်ပဲ လွတ်တယ်လို့​ သိရတယ်။ ​ကောရိယိုပါ ကယား​တိုင်း​ရင်း​သား​။ သူနဲ့​ ​ဒေါက်တာ ​ကျော်​ကျော်ပဲ လွတ်တယ်။ ကို​ဇော်စိုင်း​တို့​ ဘာတို့​ ၃ ​ယောက်​လောက် ကျန်​နေ​သေး​တာ​ပေါ့​။”

ဒါ့​အပြင် ၂၀၁ဝမှာ ဖမ်း​ဆီး​ထောင်ချခံရပြီး​ ​ကျောင်း​သား​တပ်မ​တော်၊​ ​ကေအန်ယူဆက်သွယ်မှုနဲ့​ ​ထောင်ဒဏ် ၅ နှစ်ချမှတ်ခံရတဲ့​ ကိုဝီလျံက​တော့​ သူလွတ်လာ​ပေမယ့်​ ​ထောင်တွင်း​နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ ကျန်​နေတာကို စိတ်မ​ကောင်း​ဘူး​လို့​ ​ပြောပါတယ်။

“ကျ​နော်တို့​ကို အကြမ်း​ဖက်မှုနဲ့​စွဲတာ။ အဖွဲ့​တွေနဲ့​က နိုင်ငံ​ရေး​အရ​တော့​ ဆက်နွယ်မှုရှိတယ်။ အကြမ်း​ဖက်မှုနဲ့​က ဘာမှမဆိုင်ဘူး​။ အထဲမှာ ကျ​နော်တို့​ ညီအကို​တွေ အများ​ကြီး​ ကျန်​နေ​သေး​တယ်။ သူတို့​ကိုလည်း​ လွတ်​စေချင်တယ်။”

နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ကူညီ​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်များ​ အဖွဲ့​ရဲ့​ ဇွန် ၆ ရက်​နေ့​အထိ ပြုစုထား​တဲ့​စာရင်း​အရ နိုင်ငံတဝန်း​က အကျဉ်း​ထောင်​တွေ အတွင်း​မှာ အကျဉ်း​သား​အား​လုံး​ ၃၃၂ ဦး​ ကျန်​နေ​သေး​တယ်လို့​ ကိုဗမျိုး​သိန်း​က ​ပြောပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ စာရင်း​မှာ​တော့​ ​ထောင်တွင်း​နိုင်ငံ​ရေး​ အကျဉ်း​သား​ပေါင်း​ ၃၃၀ ​ယောက် ကျန်ရှိ​နေ​သေး​ပြီး​ ဒီနိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်​မြောက်​ရေး​အတွက် ​တောင်း​ဆိုသွား​မယ်လို့​ အဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်က ဒီ​နေ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ ထည့်​သွင်း​ ​ပြောဆိုပါတယ်။

သမ္မတဦး​သိန်း​စိန်ဟာ နိုင်ငံငြိမ်း​ချမ်း​တည်ငြိမ်ပြီး​ အမျိုး​သား​ စည်း​လုံး​ ညီညွတ်​ရေး​၊​ နိုင်ငံ​ရေး​လုပ်ငန်း​စဉ်မှာ အား​လုံး​ပါဖို့​နဲ့​ နိုင်ငံတည်​ဆောက်​ရေး​မှာ အ​ထောက် အပံ့​ဖြစ်​စေဖို့​ အကျဉ်း​သား​ အ​ယောက် ၈၀ ကို လွတ်ငြိမ်း​ခွင့်​ပေး​ရာမှာ နိုင်ငံခြား​သား​ ၃၄ ​ယောက်လည်း​ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013