Home
မြန်မာသတင်း
ကနီမြို့နယ်တွင် မိုးသည်းစွာရွာသွန်းမှုကြောင့် နေအိမ်၊ စိုက်ခင်းတွေပျက်စီး
Aung Ko Latt
·
June 6, 2018
34673367_798843676987296_695980457971417088_n
34535217_798843723653958_1862133936478486528_n
34509895_798843780320619_5726407212025249792_n
34505998_798843643653966_5378153920587628544_n
34499456_798843800320617_3973575653449531392_n
  စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်မှာ အခုလ ပထမပတ်အတွင်း မိုးသည်းစွာ ရွာသွန်းခဲ့တဲ့အတွက် လူနေအိမ်၊လမ်းတံတား၊ ရေကာတာနဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့တာကြောင့် ကျပ်သိန်း ၇၀ ကျော် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ မိုးရွာသွန်းမှုကြောင့် မြစ်ရေတက်ပြီး ကနဲကျေးရွာက နေအိမ် ၃ လုံး ပြိုကျပျက်ဆီးမှု ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါ့အပြင် မုဌောကျေးရွာက ကျောက်စီရေကာတာ၂ခု၊ သမင်ခြံကျေးရွာအနီးက တံတားချဉ်းကပ်လမ်း ၁ခု၊ ကင်းတောင်-ဆင်ဆန်း-သရက်တော- ရေလယ်ကျွန်း ကျေးရွာချင်း ဆက်လမ်း ၁၅၀ ပေခန့်၊ ကနီမြို့ အမှတ် ၂ ရပ်ကွက်ရှိ ဈေးချောင်းတံတားကမ်းကပ်ခုံ တို့ ပျက်စီးဆုံးပါတယ်။ မုဌော၊ ချိုင်၊ ကျွန်းပင်အိုင် စတဲ့ ကျေးရွာ ၈ ရွာက မိုးရာသီစိုက်ပျိုးသီးနှံတွေဖြစ်တဲ့ နှမ်း ၄၂.၉၂ ဧက၊ မြေပဲ ၁၆.၂၅ ဧက၊ ပဲတီစိမိး ၁၃ ဧက၊ ပဲစဉ်းငုံ ၁.၀၅ ဧက စုစုပေါင်း ၇၃.၂၂ ဧက ပျက်စီးဆုံးရှုံးခဲ့ပြီး ပျက်စီးမှုအားလုံးစုစုပေါင်း ကျပ်သိန်း ၇၇သိန်းကျော်ရှိခဲ့ပါတယ်။ ကနီမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက “ပျက်စီးဆုံးရှုံးမှုတွေကို သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေး စာရင်းကောက်ယူတာတွေ ပြုလုပ်နေ ပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေကိုတော့ အစိုးရအဖွဲ့ကို ဆက်လက် တင်ပြတောင်းခံသွားမယ်”လို့ ပြောပါတယ်။ ကနီမြို့နယ်က အခုနောက်ပိုင်း နှစ်စဉ်ဆိုသလို သဘာဝဘေးဒဏ်မျိုးစုံ ကြုံတွေ့ ခံစားလာရတာလည်းဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024