မုံရွာမြို့တွင် မပေါက်ကွဲသေးသည့် သံချေးတက် ဗုံးသီးဟောင်းများတွေ့ရှိ
Aung Ko Latt
·
June 6, 2018
မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ ၁၂ လမ်းမှာ ဒီကနေ့မနက်က အမျိုးသားတဦး ရေမြောင်းအတွင်း ငါးရှာရာက မပေါက်ကွဲသေးတဲ့ ဗုံးသီး ၄ လုံးတွေ့ရှိခဲ့ပါတယ်။
မျက်မြင်တွေ့ရှိသူတစ်ဦးက "အဲဒီတွေ့တဲ့သူက ၁၄ လမ်းမှာနေတဲ့ ကိုအောင်ကျော်မိုး (၂၅နှစ်)က ငါးရှာရင်းနဲ့တွေ့တာမှာ ၁၄ လမ်းဂေါက်ကွင်းဖက်ကို ယူခဲ့တာ။ အဲဒီကနေ အကြောင်းကြားရာကနေ သိရတာပေါ့။ အခုတော့ အင်ဂျင်နီယာတပ်က လာသိမ်းသွားပါပြီ"လို့ ပြောပါတယ်။
ဗုံးတွေက ၃၆ ခွင်းဗုံးအဟောင်း နှစ်လုံး၊ ၂၅/၃၀ တိုက်မိုင်းအဟောင်း ၂လုံးတို့ဖြစ်ပြီး ရပ်ကွက်တာဝန်ရှိသူတွေရှေ့မှာ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ဆိုပါတယ်။