DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ပဋိပက္ခအတွင်း လူ ၅၀ခန့် ဖမ်းဆီးအရေးယူနေ
DVB
·
July 2, 2012
Donate to DVB

ရခိုင်ပြည်နယ် တောင်ကုတ်ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး လူ ၃၀ကို ဖမ်းဆီး ထိန်းသိမ်း အရေးယူနေ တယ်လို့  ဒီကနေ့ ထုတ် အစိုးရ ပိုင်သတင်းစာ တွေမှာ သတင်း ထုတ်ပြန်လိုက်ပါတယ်။

ဇွန် ၃ ရက်မှာ ဖြစ်ပွားခဲ့တဲ့ တောင်ကုတ်မြို့ ရိုးမသစ္စာ ကားပေါ်ပါ လူ ၁၀ ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ လူ ၃၀ ဦးနဲ့ ဇွန် ၃ ရက်နေ့မှာပဲ စစ်တွေမြို့ အမှတ် ၁ ရဲစခန်းကို လူစုလူဝေးနဲ့ ဖျက်ဆီးခဲ့တဲ့ဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူ ၂၄ ဦး ဖော်ထုတ်နိုင်ပြီး ၁၉ ဦးကို စစ်တွေရဲစခန်းမှာ ဖမ်းဆီး စစ်ဆေးနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မေ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာအုပ်စုမှာ ဖြစ်ပွားခဲ့တဲ့ မသီတာထွေးကို သတ်ဖြတ်မှုမှာတော့ လူ ၃ ဦးကို ဖမ်းဆီး အရေးယူခဲ့ရာ မှာ တဦးကြိုးဆွဲချ သေဆုံးခဲ့ပြီး ၂ ဦးကို သေဒဏ်ချမှတ်ခဲ့ပြီးဖြစ်တယ်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရကဖွဲ့ ပေး ထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ဇွန် ၇ ရက်နေ့ ကနေ ၂၅ ရက်အထိ ရခိုင်ပြည် နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ စစ်တွေ၊ သံတွဲ၊ တောင်ကုတ်၊ ကျော က်ဖြူ၊ ရမ်းဗြဲနဲ့ ကျောက်နီမော် ကျေးရွာတွေမှာ သွားရောက်ပြီး ဒီအမှုတွေကို  စုံစမ်းစစ်ဆေး ဖော် ထုတ်ခဲ့ တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဇွန်လလယ်ပိုင်းက ရသေ့တောင်မြို့နယ်၊  ကျောက် တော်မြို့နယ်နဲ့ ဂွမြို့နယ်အတွင်းက နောက်ဆက်တွဲဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး  ဖမ်းဆီးမှု တွေကိုတော့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားတာ မတွေ့ရသေးပါဘူး။

ရသေ့တောင်မြို့နယ် ဂူတောင်ကျေးရွာတ၀ိုက်မှာ အခြေအနေကို ထိန်းသိမ်း ထားတယ်လို့ ဂူတောင်မြို့နယ်ရဲစခန်းက စခန်းမှူး ဦးသက်ဦးက ဒီနေ့ ပြောပြပါတယ်။

ဂူတောင်ရွာမှာ လွန်ခဲ့တဲ့သီတင်း ၂ ပတ်ခန့်က မီးရှို့ရာက ဖြစ်ပွားတဲ့အခင်းမှာ လူအ သေအပျောက်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားတာ အယောက် ၁၀၀ ကျော်ရှိ တယ်လို့ စခန်းမှူး ဦးသက်ဦးက ပြောပါတယ်။

“မြို့ပေါ်က တပ်နဲ့ရဲပေါင်းပြီး ဖမ်းတာပါ။ ၁၀၀ ကျော်လောက်တော့ ရှိပါတယ်။ စစ်တွေမြို့ပေါ်မှာပါ။ ဘာအမှုနဲ့ စွဲထားလဲဆိုတော့၊ မြို့ပေါ်က ဖွင့်ထားတဲ့ အမှုဆိုတော့ ကျနော်တို့လည်း မသိပါဘူး။ ကျနော်တို့က နယ်မှာတာဝန်ခံ သဘောပဲ ရှိတာပါ။ အခြေအနေတွေကို ရဲရော၊ စစ်တပ်ရော အားလုံး ထိန်းသိမ်းထားပါတယ်။ အေးအေးချမ်းချမ်းပါပဲ။”

ကျောက်တော်မြို့နယ်မှာတော့ ရခိုင်ရွာကို မီးရှို့ဖို့ လာသူ ၂ ဦးကို ကျောက် တော် ရဲစခန်းမှာ ချုပ်နှောင် စစ်ဆေးနေတယ်လို့ ရခိုင်တိုင်းရင်းသားများတိုးတက် ရေးပါတီက ဗဟိုကော်မတီဝင် တဦးက အတည်ပြု ပြောဆိုပါတယ်။

ဒီကိစ္စကို ကျောက်တော်ရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ဂွမြို့အနီး ဂွကျွန်းမှာ သောင်တင်ခိုလှုံနေတဲ့ ဘင်္ဂလီ အယောက် ၈၀ ကျော်ကို ခရိုင်ရဲက ဖမ်းဆီးပြီး သံတွဲအကျဉ်းထောင်ကို ပို့ဆောင်ခဲ့ပါတယ်။

စစ်တွေမြို့မှာ အနုပညာရှင် အယောက် ၄၀ ကျော် ကိုယ်တိုင် လာရောက် လှူဒါန်းတဲ့အတွက် ဒုက္ခရောက်နေသူတွေ ခဏတာ အမောပြေခဲ့ရ တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီနေ့အထိ ရခိုင်ပြည်နယ်အတွင်းက အခြေအနေနဲ့ ပတ်သက်လို့ ပုံမှန် အခြေအနေ ရောက်ပြီလို့ မဆိုနိုင်သေးတဲ့အကြောင်း နယ်မြေခံတွေက ပြောပြကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013