Home
သတင်းဓာတ်ပုံ
နွမ်းပါးတဲ့ကလေးငယ်တွေအတွက် ပန်းပျိုးသူများအခမဲ့စာသင်ဝိုင်း (ဓာတ်ပုံ)
DVB
·
June 5, 2018
34561822_1550015955126649_9185116934947995648_o
34459206_1550016105126634_1669401930520068096_o
34392889_2540483496177468_4497228494358446080_n
34138154_1550016061793305_5297900657070571520_o
34366847_1550016118459966_3290358798899740672_o
ပန်းပျိုးသူများအခမဲ့စာသင်ဝိုင်းကို သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းထိ ကျောင်းသား ဦးရေ ၆၀ ကျော်နဲ့ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် အ.ထ.က(၁၆) ကျောင်းမှာ ညနေ ၆ နာရီကနေ ၈ နာရီထိ ဒီကနေ့ စတင် သင်ကြားပေးနေပါတယ်။ စာသင်ဝိုင်းမှာ ပန်းရောင်းရင်းကျောင်းတက်နေသူတွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုးရင်းကျောင်းတက်နေသူတွေနဲ့ မပြေလည်တဲ့ မိသားစုစီးပွားရေးကို တဘက်တလမ်းက ဖြေရှင်းပေးနေရတဲ့ ကျောင်းသားတွေ အများစုလာရောက် ပညာသင်ယူနေကြတာပါ။ စာသင်ကြားပေးနေတဲ့ ဆရာဦးဝင်းသန်းထွဋ်က “ပန်းရောင်းနေတဲ့အချိန်ကို ပညာသင် ကြားစေပြီး ကလေးတွေကိုယ်စား ပန်းပျိုးသူများပရဟိတအဖွဲ့က ပန်းတွေကို ကူရောင်းပေး ကြတာပါ။ တစ်နှစ်ကို လေး၊ ငါး၊ ခြောက်ယောက်တော့ မပြေလည်တဲ့ မိသားစုစီးပွားရေးကို အဆင်ပြေစေဖို့ ကျောင်းထွက်ပြီး လုပ်ငန်းခွင်ထဲ ရောက်ကုန်ကြတယ်”လို့ ပြောပါတယ်။ ပန်းပျိုးသူများအခမဲ့စာသင်ဝိုင်းကို မန္တလေးမှာ ၂၀၁၃ ခုနှစ်က စတင်သင်ကြားလာတာ အခု ပညာသင်နှစ်ဆိုရင် ၅ နှစ်ရှိပြီဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024