Home
မြန်မာသတင်း
တရုတ်ယွမ်ငွေ တသိန်းခွဲပေးရန် ဆင်ကျော့ပြည်သူ့စစ်အဖွဲ့ထံ တီအန်အယ်အေတောင်းခံ
DVB
·
June 5, 2018
  တော်လှန်ရေးရန်ပုံငွေအဖြစ် တရုတ်ယွမ်ငွေ တသိန်းခွဲပေးဖို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ)က ဆင်ကျော့ပြည်သူ့စစ်အဖွဲ့ထံ တောင်းခံထားပါတယ်။ တီအန်အယ်အေက မေ ၂၇ ရက်နေ့ ရက်စွဲနဲ့ ဆင်ကျော့ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်ဆီ စာပေးပို့ထားတာဖြစ်ပြီး အဲဒီငွေကို ဇွန် ၁၅ ရက်နေ့ နောက်ဆုံးထား ပေးသွင်းဖို့လည်း တောင်းဆိုထားပါတယ်။ ဆင်ကျော့ပြည်သူ့စစ်အနေနဲ့ တိုင်းရင်းသားဌာနေကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် တော်လှန်ရေးရန်ပုံငွေကို ပေးသွင်းဖို့ တာဝန်ရှိကြောင်းလည်း စာမှာ ဖော်ပြထားပါတယ်။ ဒီလို ရန်ပုံငွေ တောင်းခံတာနဲ့ပတ်သက်ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) အခွန်ဌာနကို ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းဖြေကြားသူက သူ့အနေနဲ့ ဒီကိစ္စ ပြောခွင့်မရှိကြောင်းနဲ့ အထက်လူကြီးတွေကိုသာ ဆက်သွယ်ဖို့ ပြောဆိုခဲ့ပါတယ်။ တီအန်အယ်အေ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတာအိုက်ကျော်ကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။ ဆင်ကျော့ပြည်သူ့စစ်အဖွဲ့ဟာ ရှမ်းပြည်မြောက်ပိုင်း ရှမ်း-တရုတ်နယ်စပ်အနီး ရွှေလီချိုင့်ဝှမ်းဒေသတွေမျာ အဓိက လှုပ်ရှားနေတဲ့အဖွဲ့ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024