ဒေါ်အောင်ဆန်းစုကြည် ခရီးပမ်းလို့ လွှတ်တော်စမယ့် သုံးရက် မတက်နိုင်
ရွှေအောင်
·
July 2, 2012
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးပမ်းတာကြောင့် လွှတ်တော် စတင်မယ့် ၃ ရက်ကို မတက်နိုင်တော့ဘူးလို့ ပါတီပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောပါတယ်။
“လာမယ့် လွှတ်တော်မှာ ဇူလိုင် ၄ ရက်၊ ၅ ရက်၊ ၆ ရက် ပေါင်း ၃ ရက် ခွင့်ယူထားပါတယ်။ ခရီးပန်းလို့ပါ။”
ဒေါ်အောင်ဆန်းစုကြည် တဦးတည်း မတက်နိုင်တာဖြစ်ပြီး ကျန်တဲ့ အဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော် တက်ကြမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်း ဥရောပ ၅ နိုင်ငံကို ၁၈ ရက်ကြာ ခရီးထွက်ခဲ့ပြီး ခရီးပမ်းတာကြောင့် နားနေရတာဖြစ်ပြီး ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိဘဲ လာမယ့် ဇူလိုင် ၉ ရက်မှာ လွှတ်တော်တက်မှာ ဖြစ်ပါတယ်။
လွှတ်တော် အစည်းအဝေးတွေကို လာမယ့် ဇူလိုင် ၄ ရက်မှာ စတင်ကျင်းပမှာ ဖြစ်ပြီး ပြီး ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။