DVB Logo
Home
မြန်မာသတင်း
ပြည်သူလွှတ်တော်ဥက္ကဋ္ဌနှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံ
DVB
·
July 1, 2012
ပြည်သူလွှတ်တော်ဥက္ကဋ္ဌနှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံ
1 / 2
Donate to DVB

ပြည်သူလွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ရန်ကုန်မြို့ ရွှေဂုံတိုင်တာဝါမှာရှိတဲ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ရန်ကုန်(ရုံးခွဲ)မှာ ဇူလိုင် ၁ ရက်နေ့ မနက် ၉ နာရီမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ပြည်သူလွှတ်တော် ဥပဒေ၊ နည်းဥပဒေ ပြဌာန်းနိုင်ဖို့နဲ့  နိုင်ငံရေးအကျဉ်းသားများ  ပြန်လွှတ်ရေး ပြည်ပရောက်နိုင်ငံရေးအင်အားစုများ ပြန်လာနိုင်ရေး ပြည်တွင်းငြိမ်းချမ်းရေးကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက ပြောပါတယ်။

အခုတွေ့ဆုံပွဲဟာ ပထမအကြိမ် ဖြစ်ပြီး လိုအပ်လာရင် အတူလက်တွဲ လုပ်ဆောင်ဖို့ ရှိတယ်လို့လည်း ကိုပြုံးချိုက ပြောပါတယ်။

“ကျနော်တို့ နောက်ပိုင်းမှာ တယောက်နဲ့ တယောက် ယုံကြည်ချက် ရှိရှိနဲ့၊ ဆက်လက်ပြီး တိုင်းပြည်အတွက် လိုအပ်တဲ့ကိစ္စတွေကို ဆောင်ရွက်ရာမှာ လက်တွဲပြီး ထိတွေ့သင့်တယ်။ နောက် လိုအပ်ရင် လိုအပ်သလို တဖက်နဲ့တဖက် တွေ့ဖို့ကိစ္စတွေကို လှမ်းအကြောင်းကြားလို့ရအောင် ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖွင့်ထားပါတယ်။”

အဲဒီတွေ့ဆုံဆွေးနွေးပွဲကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီနဲ့ ကိုအံ့ဘွယ်ကျော်တို့က တက်ရောက်ပြီး ပြည်သူလွှတ်တော်ရေးရာကော်မတီက ဥက္ကဋ္ဌတွေလည်း ဖြစ်တဲ့ ဦးမောင်မောင်သိမ်း၊ သူရဦးအေးမြင့်၊ ဦးဌေးမြင့်၊ သူရဦးအောင်ကို၊ ဦးအောင်သိန်းလင်းတို့ တက်ရောက်ခဲ့ကြပါတယ်။

အခုလိုတွေ့ဆုံမှုမျိုးကနေ ရေရှည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာနိုင်မယ်လို့လည်း ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာ ဖေမြင့်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးနဲ့တွေ့တယ်။ လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့တယ်။ နောက် သူကိုယ်တိုင်လည်း လွှတ်တော်ကို ရောက်နေပြီ။ မကြာခင် လွှတ်တော်အစည်းအဝေးတွေ ပြန်စရင်လည်း တက်ကြတော့မယ်။ တဖက်မှာလည်း ငြိမ်းချမ်းရေး ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဆွေးနွေး လက်စတွေလည်း ဆက်ပြီးသွားနေတယ်။ အခု ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့နဲ့လည်း ဆွေးနွေးတယ်ဆိုတော့။ ပြောရမယ်ဆိုရင် ဘက်ပေါင်းစုံက ဆွေးနွေးမှုတွေ ရှိနေတယ်။ တနေ့သောအခါမှာ ကျနော်တို့ အားလုံး စုံညီတဲ့ round-table လိုမျိုး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမျိုးတွေဖြစ်လာနိုင်တယ်လို့ မြင်တယ်ဗျ။ ဒီလိုမျိုးဆို ကျနော်တို့ တိုင်းပြည်အတွက်၊ အခုမြင်ရသလောက်ဆိုရင် ရှေ့အလားအလာ ကောင်းတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013