DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်အပြန် လူထု ထောင်ပေါင်းများစွာ ကြိုဆို
DVB
·
June 30, 2012
ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်အပြန် လူထု ထောင်ပေါင်းများစွာ ကြိုဆို
Donate to DVB

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၈ ရက်အကြာ ဥရောပ ခရီးစဉ် အပြန် မနက် ၁၀ နာရီခွဲဝန်းကျင် မင်္ဂလာဒုံလေဆိပ်မှာ လူထု ထောင်ပေါင်းများစွာက ကြိုဆိုခဲ့ကြ တယ်လို့ ပါတီပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး၊ ဦးဝင်းတင် အပါအ၀င် ရန်ကုန်တိုင်းအတွင်း က မြို့နယ် အန်အယ်လ်ဒီပါတီဝင်တွေနဲ့ ရန်ကုန်လူထု ထောင်ပေါင်းများစွာက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး မင်္ဂလာဒုံလေဆိပ်ကနေ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်အထိ လူ တသိန်းလောက် တွေ့ရတယ် လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

[caption id="attachment_27349" align="alignleft" width="300" caption="(ဓာတ်ပုံ- ရိုက်တာ)"][/caption]

နာမည်ကျော် သရုပ်ဆောင် လူမင်း၊ ထွန်းအိန္ဒြာဗို၊ အဆိုတော်သျှီ တို့လည်း လာရောက် ကြိုဆိုကြပါ တယ်။

“ဒီထက်ဂုဏ်ယူစရာကောင်းတဲ့ တိုင်းပြည်ရဲ့ခေါင်းဆောင် ဘယ်မှာရှိနိုင်မှာလဲဗျာ။ လူတွေ တအားများတော့ ကျနော်တို့ ကြိုမှန်းတောင် အမေစု တွေ့မသွားပါဘူး။ ဒါပေမယ့်လည်း ကျနော်တို့ အသိစိတ်ကိုက ဂုဏ်ယူစရာကောင်းတဲ့ ခေါင်းဆောင် တယောက်ကို ဘယ်နားလေးက ပဲ ဖြစ်ဖြစ် ကြိုချင်တဲ့ဆန္ဒနဲ့ ကြိုဆိုတာပါဗျာ”လို့ လူမင်းက ပြောပါတယ်။

“အမေ့ကို တွေ့ရတာ လူအုပ်တွေကြားထဲမှာ အားယူပြီး ပြုံးပြနှုတ်ဆက်တာကို တွေ့ပါတယ်။ ဒါပေမယ့် သူ တော်တော်လေး ပင်ပန်းလာပါတယ်။ လေယာဉ်စီးရတာ ပင်ပန်းတာလား။ ဟိုမှာပဲ မအိပ်မနေ အလုပ်တွေ များလာလို့လားတော့ မသိဘူး။ တော်တော်လေး နွမ်းဖတ်နေပါတယ်ဗျ။ ကျနော်ကတော့ အမေစု ကျန်းမာရေးအတွက် စိုးရိမ်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၈ ရက်ကြာ ဥရောပ ၅ နိုင်ငံ ခရီးစဉ်အတွင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(အိုင်အယ်လ်အို)ညီလာခံ၊ နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုအခမ်းအနား စတဲ့နေရာ အတော်များများမှာ မိန့်ခွန်းပြောခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်ဟာ အောင်မြင်ခဲ့ပါတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

“ကျနော်တို့ ဥက္ကဋ္ဌ ခရီးစဉ်က အတော်လေး အောင်မြင်သလို အားလုံးပေါင်း ၁၈ ရက်ကြာ ၅ နိုင်ငံပေါ့။ မိန့်ခွန်း ၈ ခုလောက် ပြောခဲ့ရပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်း ၃၀၀ ကျော် သက်တမ်းရှိတဲ့ ဗြိတိသျှပါလီမန် ၀က်မင်နစ်စတာ ခန်းမမှာလည်း ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ၅ ဦးမြောက် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ် မိန့်ခွန်းပြောကြားခဲ့ပြီး ဗြိတိန်မှာ နေထိုင်တဲ့ ဇွန် ၁၉ ရက်ကနေ ၂၆ ရက်နေ့ အထိ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်၊ အိမ်ရှေ့မင်းသား ချားလ်တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပါသေး တယ်။ ဒါ့အပြင် တိဘက်ခေါင်းဆောင် ဒလိုင်းလားမားကိုယ်တော်နဲ့ လန်ဒန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013