ဟော့ပေါ့အိုးထဲမှ လွတ်မြောက်အောင် ရုန်းထွက်နိုင်ခဲ့သည့် ကျောက်ပုစွန်ရုပ်သံ နာမည်ကြီးနေ

ကျောက်ပုစွန်တကောင်ဟာ ပွက်ပွက်ဆူနေတဲ့ ဟော့ပေါ့အိုးတအိုးထဲကနေ သူ့ရဲ့ လက်မတွေ အသုံးပြုပြီး လွတ်မြောက်အောင် ရုန်းထွက်နိုင်ခဲ့တဲ့ အဖြစ်အပျက်ရုပ်သံ ဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံက စားသောက်ဆိုင်တဆိုင်မှာ ဖြစ်ခဲ့တာလို့ ဘီဘီစီ သတင်းတပုဒ်မှာ ဇွန်လ ၃ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီကျောက်ပုစွန်ဟာ ပူလောင်နေတဲ့ ဟင်းရည်အိုးထဲက မလွတ်မြောက်နိုင်ခင်မှာ လက်မတွေနဲ့ မြဲမြဲမြံမြံ ကုတ်တွယ်ထားခဲ့တာကို တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ကို ဂျီခေါ့အမည်နဲ့ အင်တာနက်အသုံးပြုသူတဦးက ဝေဘို အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းကျော် ရှိနေခဲ့တာပါ။ ဂျီခေါ့က အဲဒီကျောက်ပုစွန်ဟာ အိုးထဲက လွတ်မြောက်သွားခဲ့ချိန်မှာ သူက မွေးဖို့ ယူဆောင်သွားခဲ့တယ်လို့ နောက်ပိုင်းမှာ ပြောလိုက်ပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်အောက်မှာတော့ ဝေဖန်မှတ်ချက်တွေ အမျိုးမျိုး ပေးနေခဲ့ကြပြီး တချို့ကတော့ “သူ့ကို လွတ်မြောက်ခွင့်ပေးလိုက်ပါ။ သူ့ကို မစားပါနဲ့။ ရှင်သန်နိုင်ဖို့ သူ ဘယ်လိုကြိုးစားနေရသလဲဆိုတာ မြင်နေရပါတယ်” စသဖြင့် မှတ်ချက်တွေ ရေးခဲ့ကြတာကို တွေ့ရပါတယ်။ ဂျီခေါ့ကတော့ “ကျနော် သူ့ကို အိမ်ကို ယူသွားခဲ့ပါတယ်။ သူ့ကို ငါးပြတိုက်တခုခုကို ပို့ဆောင်သွားမှာပါ” လို့ တုံ့ပြန်ဖြေဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up