DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးကော်မရှင်မူကြမ်း လွှတ်တော်တင်ပြမည်
DVB
·
June 29, 2012
လူ့အခွင့်အရေးကော်မရှင်မူကြမ်း လွှတ်တော်တင်ပြမည်
Donate to DVB

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရဲ့ တည်ရှိမှုနဲ့ ငွေကြေးသုံးစွဲမှုနဲ့ ပတ်သက်တဲ့ ဥပေဒမူကြမ်းတရပ်ကို ရေးဆွဲထားပြီး ဇူလိုင်လ လွှတ်တော်မှာ တင်ပြနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ကော်မရှင်က တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ လွှတ်တော်အစည်းအဝေးတွေမှာ ကော်မရှင်ရဲ့ တည်ရှိမှုနဲ့ ငွေကြေးခွဲဝေချပေးမှုနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မကိုက်ညီတဲ့အတွက် ပယ်ချခံရတဲ့နောက်မှာ အခုလို မူကြမ်းရေးဆွဲဖို့ ဖြစ်လာတာပါ။ ဒီမူကြမ်းကိုလွှတ်တော်ကအတည်ပြုရမှာလို့ ကော်မရှင်ရဲ့ ပြောခွင့်ရသူ  ဒေါက်တာ ဒေါ်သန်းနွဲ့က ပြောပါတယ်။

“ဥပဒေရေးဆွဲရေးလုပ်ငန်းကတော့ ပြီးသွားပြီ။ ကျမတို့ကတော့ အကြမ်းပဲ သမ္မတရုံးကို တင်တာပါ။ ကျမတို့ ရှေ့နေချုပ်ဌာနရှိသေးတာပေါ့နော်။ သူတို့ကနေ စိစစ်ပြီးတဲ့အခါကျတော့ ပါလီမန်ကို တင်မှာပေါ့။ ကျမတို့ကတော့ အခု ဖွင့်မယ့် ပါလီမန်မှာ ရောက်ဖို့တော့ ကိုယ့်ဟာကို မျှော်မှန်းတာပေါ့နော်။ ဒါပေမယ့် ဒီထက်အရေးကြီးတဲ့ကိစ္စ ရှိရင်တော့ မပြောတတ်ဘူး။ ဇူလိုင် ၄ ရက်မှာ ပြန်ခေါ်မယ့် ပါလီမန် အစီအစဉ်ထဲတော့ ပါသွားစေချင်တာပေါ့။ ကျမတို့ဘက်က မျှော်မှန်းတာပေါ့။”

အကယ်၍ ဒီမူကြမ်းကို လွှတ်တော်က သဘောတူရင် နိုင်ငံတော် ဘတ်ဂျက်တွေ လျာထားတဲ့အခါမှာ ကော်မရှင်အတွက် ဘတ်ဂျက်ကိုလည်း တိတိကျကျ ခွဲဝေချပေးဖို့ အတွက် ဖြစ်လာနိုင်မယ်လို့ ဒေါ်သန်းနွဲ့က ပြောပါတယ်။

ကော်မရှင်ဟာ စဖွဲ့ကတည်းက သမ္မတရုံးရဲ့ ချပေးတဲ့ ငွေကြေးတွေနဲ့ လည်ပတ်နေတာ ဖြစ်တဲ့အတွက် ကော်မတီရဲ့ လွတ်လပ်မှုနဲ့ ပတ်သက်လို့ မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

ဒါပေမယ့် ဒါဟာ နိုင်ငံတကာ စံနှုန်းတွေအတိုင်း ဖြစ်တယ်လို့ ကော်မရှင် တာဝန်ရှိသူတွေက ဆိုပါတယ်။

အခုရေးဆွဲထားတဲ့ ကော်မရှင်ဖွဲ့စည်းခြင်းဆိုင်ရာ မူကြမ်းကိုလည်း နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်တွေနဲ့ ရေးဆွဲထားတယ်လို့ ဒေါက်တာ ဒေါ်သန်းနွဲ့က ပြောပါတယ်။

မနှစ် စက်တင်ဘာက ဖွဲ့စည်းခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ တနိုင်ငံလုံးက တိုင်တန်းချက် ၂၀၀၀ ကျော်ကို ရရှိခဲ့ပြီး ရာနဲ့ချီပြီး ဖြေရှင်းမှုတွေ ဆောင်ရွက်ခဲ့တယ်လို့လည်း ဒေါက်တာ ဒေါ်သန်းနွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013