DVB Logo
Home
မြန်မာသတင်း
ကေအန်ပီပီနှင့် အစိုးရတပ် တိုက်ပွဲဖြစ်
DVB
·
June 29, 2012
ကေအန်ပီပီနှင့် အစိုးရတပ် တိုက်ပွဲဖြစ်
Donate to DVB

ငြိမ်းချမ်းရေး ဆွေးနွေးနေဆဲဖြစ်တဲ့ ကရင်အမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)နဲ့ အစိုးရတပ်ဖွဲ့တို့ မနေ့က မော်ချီးမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပါတယ်။

[caption id="attachment_22268" align="alignleft" width="300" caption="မတ်လ ၇ ရက်နေ့က ကေအန်ပီပီနှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ လက်မှတ် ရေးထိုးခဲ့​စဉ်က"][/caption]

တပ်မတော် ခလရ ၅၃၀ နဲ့ ကေအန်ပီပီတပ်တို့ တိုက်ပွဲဖြစ်တဲ့ ကိစ္စကို ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဆက်သွယ် ညှိနှိုင်းဖြေရှင်းမယ်လို့ ကေအန်ပီပီ အတွင်းရေးမှူး ၁ ခူးဦးရယ်က ပြောပါတယ်။

“ကျနော်တို့ သဘောတူထားတာကတော့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ သွားလာတဲ့အခါမျိုးမှာ လမ်းကြောင်းအတိုင်းသွားလာဖို့။ ဒီလိုတော့ သဘောတူထားပါတယ်။ ဒါပေမယ့် အခုက လမ်းကြောင်းအတိုင်းမဟုတ်ဘူး။ သူတို့က တနေရာဝင် တနေရာထွက် ဖြစ်နေတဲ့အခါကျတော့ မဖြစ်သင့်တာတွေ ဖြစ်သွားတဲ့ သဘောပေါ့။ သူတို့ တပ်လှုပ်ရှားမှုနဲ့ ပတ်သက်လို့ ကျနော်တို့ ကြိုတင် အကြောင်းကြားပါတယ်။ သူတို့ကလည်းပဲ သူတို့တပ်ဖွဲ့တွေ အဲ့ နေရာဒေသမှာ မရှိပါဘူး။ တပ်ရင်း ဌာနချုပ်ကို ပြန်ပြီးပါလို့ သူတို့ကလည်း ပြောပါတယ်။ ဒါပေမယ့် တကယ်ကျတော့ တပ်တွေက အဲ့မှာ လှုပ်ရှားနေမြဲ လှုပ်ရှားနေတဲ့အခါကျတော့ တိုက်ပွဲတွေ ဖြစ်သွားတာပါ။”

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက် ဒဏ်ရာရမှု အခြေအနေကို မသိရသေးပါဘူး။

ကေအန်ပီပီဟာ ပြီးခဲ့တဲ့မတ်လက အစိုးရနဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး သဘောတူညီခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးရဦးမှာ ဖြစ်ပါတယ်။

ကေအန်ပီပီနဲ့ အစိုးရအကြား တပ်မတော်အစိုးရလက်ထက် ၁၉၉၅ ခုနှစ်က အချက် ၁၆ ချက်နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြပေမယ့် ၃ လအကြာမှာ အပစ်အခတ်ရပ် သဘောတူညီချက် ပျက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013