Home
မြန်မာသတင်း
ဟိုပင်မြို့တွင် အ၀ီစိတွင်းတူးရာမှ ဂက်စ်များ ပန်းထွက်နေ
DVB
·
June 3, 2018
  ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့ မြကျွန်းသာရပ်ကွက်မှာ အဝိစိတွင်း တူးဖော်ရာမှ ဇွန် ၂ ရက်နေ့က ဂက်စ်တွေ ပန်းထွက်နေတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ ဟိုပင်မြို့ မြကျွန်းသာရပ်ကွက် နယ်မြေ (၅) အိမ်အမှတ်၅/၄၇ ဦးဝင်းကြည်ရဲ့ နေအိမ်မှာ တွေ့ရှိခဲ့တာလို့ လုံခြုံရေးဆိုင်ရာ အကြီးအကဲတဦးက ပြောပါတယ်။ “၃၁ ရက်နေ့က စတူးတာ။ နေ့က ၂ ရက်နေ့မှာ နည်းနည်းစတွေ့တာ။ အနက်ပေ ၂၀၀ လောက်မှာ စတွေ့တာ ။ ဒီကနေ့ကျတော့ တော်တော်များတယ် ပန်းထွက်နေတာ။” ဂက်စ်တွေ ပန်းထွက်နေတဲ့ နေရာနဲ့ အနီးဝန်ကျင်က လူတွေကိုတော့ ဘေးအန္တရာယ် ကင်းရှင်အောင် ပြောင်းရွှေ့ပေးနေတယ်လို့ ဟိုပင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင် က ပြောပါတယ်။ အခုလို မြေအောက်ကနေ ဓာတ်ငွေ့တွေ ပန်းထွက်နေတာနဲ့ ပတ်သက်လို့ ခရိုင် အုပ်ချုပ်ရေးကို တင်ပြထားပြီး ပြည်နယ်အစိုးရကိုလည်း တင်ပြထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ “ကျနော်တို့ အနေနဲ့ကတော့ သက်ဆိုင်အဆင်ဆင့်ကို တင်ပြထားပြီးပါပြီ။ အန္တရာယ် မဖြစ်အောင် အနီးပတ်ဝန်းကျင်က လူတွေကိုလည်း ရွှေ့ပြောင်းပေးထားပါတယ်” လို့ အထွေထွေ အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောဆိုခဲ့ပါတယ်။ ဇော်မိုးထက် (ဖားကန့်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024