မိတ္ထီလာတွင် ရေပေးသည့်မြောင်း ရေလျှံ၍ ယာသီးနှံ ဧက ၇၀ ခန့် ပျက်စီး
DVB
·
June 3, 2018

မိတ္ထီလာမြို့နယ်အတွင်းက လှည်းပွဲရွာ၊ အင်အုန်းရွာ၊ ပန်းသွင်းရွာတွေက လယ်ယာမြေတွေကို ရေပေးတဲ့မြောင်းက ရေတွေလျှံလာတာကြောင့် အနိမ့်ပိုင်းက လူနေအိမ်တွေ ရေလွှမ်းမိုးပြီး ယာသီးနှံ ဧက ၇၀ လောက် ပျက်စီးသွားတယ်လို့ မေ ၁ရ က်နေ့မှာ မိတ္ထီလာဆည်မြောင်းဦးစီးရုံးက ပြောပါတယ်။
မိတ္ထီလာဆည်မြောင်းဒုဦးစီး ဒေါ်သွယ်သွယ်သွယ်ခိုင်က "ရေပေးမြောင်းရေ များပြီး ပန်းသွင်းရွာနားမှာရှိနေတဲ့ ၂ပေ ပတ်လည်ကွန်ကရစ်ပိုက်က ရေလျှံသွားတာပါ။ ကျေးရွာချင်းဆက် မြေသားလမ်း ၂ နေရာမှာ ပေ ၇၀ လောက် ပျက်စီးသွားတယ်။ ပန်းသွင်းရွာ အနိမ့်ပိုင်းက လူနေအိမ် ၁၄လုံး ရေတက်တယ်။ ယာသီးနှံဧက ၇၀ လောက် ပျက်စီးသွားတယ်"လို့ ပြောပါတယ်။
ဒေသခံ ဦးစိန်က "မနေ့က ဌာနဆိုင်ရာတွေ လာကြတယ်။ ရေတက်တက်ခြင်းက ၃ ပေကျော်ကျာ်လောက်တက်တယ်။ အနိမ့်ပိုင်းအိမ်ကလူတွေ ရွှေယင်ဆိုင်း ဓမ္မာရုံဘက် ခဏပြောင်းနေကြတယ်။ အခုတော့ အိမ်ပြန်ရောက်ပြီ။ ရေလည်း ၁ ပေလောက်ပဲ ကျန်တော့တယ်"လို့ ပြောပါတယ်။
မိတ္ထီလာတောင်ဘက်ကန်ရေ နဲ့ ချောင်းကောက်ဆည်ရေ ပေါင်းလာတာမို့ ရေပြွန်က မနိုင်တော့ပဲ ရေလျှံသွားတာပါ။ လူနဲ့တိရစ္ဆာန် ထိခိုက်မှု မရှိဘူးလို့ မိတ္ထီလာမြို့နယ်အုပ်ချုပ်ရေးရုံးက ပြောပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)