DVB Logo
Home
မြန်မာသတင်း
မြေသိမ်းခံ တောင်သူလယ်သမားများ သတင်းစာရှင်းလင်းပွဲပြုလုပ်
DVB
·
June 29, 2012
မြေသိမ်းခံ တောင်သူလယ်သမားများ သတင်းစာရှင်းလင်းပွဲပြုလုပ်
Donate to DVB

ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ကရင်ပြည်နယ်တွေအတွင်းက လယ်သမား ၁၇၀ လောက်ဟာ ရန်ကုန်မြို့မှာ စုဝေးကြပြီး သူတို့လယ်မြေတွေကို အာဏာပိုင်တွေက သိမ်းဆည်းထားတဲ့အပေါ် မကျေနပ်ချက်တွေ ထုတ်ဖော်ပြောဆိုကြပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို “စပါးစိုက်ပျိုးတဲ့တောင်သူ လယ်သမားတွေက ထမင်းစားတဲ့ပြည်သူတွေကို အကူအညီတောင်းခံခြင်း” လို့ အမည်ပေးထား ပါတယ်။

လယ်သမားတွေရဲ့ ပြောဆိုချက်အနှစ်ချုပ်ကို သတင်းစာရှင်းလင်းပွဲ ဖြစ်မြောက်အောင် ကူညီသူ ကိုနေထွန်းက ခုလို ပြောပါတယ်။

“အဓိကက တောင်သူလယ်သမားတွေ ကိုယ်တိုင် ခံစားနေရတဲ့ ပြဿနာတွေ ကို ဖော်ထုတ်ခွင့် ရအောင်၊ ဒုတိယအချက်အနေနဲ့က တောင်သူ လယ်သမား အရေးကို ကူညီဆောင်ရွက်နေတဲ့ သူတွေရဲ့ တွေ့ကြုံနေရတဲ့ အခက်အခဲကို တင်ပြနိုင်အောင်လို့ပါ။ နောက် တချက်ကတော့ သတင်းမီဒီယာက တဆင့် ပြည်ထောင်စုအစိုးရ အနေနဲ့ တောင်သူလယ်သမားနဲ့ နိုင်ငံတော်အကျိုး အတွက် သင့်တင့်မျှတကောင်းမွန်တဲ့ မူဝါဒတရပ် ဖော်ဆောင်ပြီး လယ်ယာမြေ ပြဿနာတွေ ကို ဖြေရှင်းဆောင်ရွက်ပေးဖို့ အဲဒီအချက်တွေပါပဲ။”

ဒီဆွေးနွေးပွဲကို တက်လာတဲ့ ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ဥသျှစ်ကျေးရွာအုပ်စုက လယ်သမား ကိုထွန်းထွန်းကလည်း သူ့လယ်တွေ မတရားသိမ်းခံရလို့ ဒီနေ့ပွဲတက်လာတာလို့ ပြောပါတယ်။

“‘ဒီပွဲမှာတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ တောင်သူလယ်သမားတွေအားလုံး ဒုက္ခရောက်နေတာတွေ အားလုံး ပါဝင် တတ်လာတာတွေ့ရပါတယ်။ အဓိက ကြုံတွေ့နေရတဲ့ အခက်အခဲတွေကတော့ ၂၀၁၂ ခုနှစ် ထုတ်လိုက်တဲ့ သီးစားခချထားရေး ဥပဒေ ဖျက်သိမ်းလိုက်တဲ့ အချိန်မှာ ကျနော်တို့ လယ်တွေ အသိမ်းခံထားရတဲ့ လယ်သမားတွေ အားလုံးက လယ်ကို လုံးဝ ပြန်လုပ်ပိုင်ခွင့် မရှိတော့ဘူး။ သူတို့က အပြီးသိမ်းလိုက်တဲ့ အနေအထားရှိတော့၊ လုံးဝ ခြံစည်းရိုး ခတ်တာတွေ၊ လယ်ထဲကို ကျွဲ၊ နွားကအစ မကျောင်းရတာတွေ၊ လယ်ဆင်းမထွန်ရတာတွေနဲ့ ပတ်သက်တယ်။ ဒါကြောင့် ဒီကို တက်လာရတာပါ။”

မတရားသိမ်းခံရတဲ့ လယ်ယာမြေတွေ ပြန်လည်လုပ်ကိုင်ခွင့်ရဖို့  သမ္မတဦးသိန်းစိန်ဆီကို စာရေးတင်ပြထားပြီး မလိုက်လျောရင်တော့ အများသိအောင် လမ်းပေါ်ထွက် ဆန္ဒပြမယ်လို့ လယ်သမား ကိုထွန်းထွန်းက  ပြောပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲကို ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ ဥပဒေ အကျိုးဆောင် ဦးအောင်သိန်းနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ လှုပ်ရှားတက်ကြွသူ ကိုဝင်းမျိုးသူတို့ကလည်း တောင်သူလယ်သမားတွေနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောဆိုတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အာဏာပိုင်တွေက လယ်ယာမြေသိမ်းဆည်းတဲ့ ပြဿနာဟာ တိုင်းနဲ့ပြည်နယ်အနှံ့မှာ ဖြစ်ပွားခဲ့ပြီး လယ်သမားတွေရဲ့ နစ်နာချက်ကို ကြားဝင်ဖြေရှင်းနိုင်မယ့်  နိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံးတရပ် ဖွဲ့စည်းထူထောင်နိုင်ခြင်း မရှိသေးပါဘူး။

တပ်မတော်အစိုးရ လက်ထက်မှာ မြန်မာနိုင်ငံမှာ လယ်သိမ်းမှုတွေ အတော်များပြားခဲ့တာဖြစ်ပြီး အစိုးရသစ်လက်ထက် ထုတ်ဖော်ပြောဆိုခွင့်ရလာတဲ့ အချိန်မှာ ပြောဆိုလာကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013