Home
မြန်မာသတင်း
မိသားစု ကိုယ်ပိုင်အထက်တန်းကျောင်းမှ ၆ ဘာသာဂုဏ်ထူးရှင် ၁၂၃ ယောက် ထွက်ပေါ်
DVB
·
June 2, 2018
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့ မိသားစုကိုယ်ပိုင် အထက်တန်းကျောင်းက ဇွန် ၂ ရက်နေ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်းမှာ ရာနှုန်းပြည့်အောင်မြင်ပြီး ၆ ဘာသာ ဂုဏ်ထူးရှင် ၁၂၃ ယောက် ရရှိတယ်လို့ မလှိုင်မြို့နယ်ပညာရေးမှူးက ပြောပါတယ်။ “၂၀၁၇-၁၈ စာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ၉၁၈ ယောက် ရှိပါတယ်။ အကုန်လုံး အောင်မြင်ပြီး ၁၂၃ ယောက် ၆ ဘာသာ ဂ‎ုဏ်ထူးရကြတယ်။ ၅ ဘာသာ ၁၆၃ ယောက်နဲ့ ၄ ဘာသာ ၁၈၁ ယောက်၊ ၃ဘာသာ ၁၃၀ ယောက် ၂ ဘာသာ ၁၀၆ ယောက် ၁ ဘာသာ ‎၁၂၁ ယောက် ဂုဏ်ထူး ရကြပါတယ်။ ဂုဏ်ထူးရသူပေါင်း ၈၂၄ ယောက်ရှိပြီး ၉၄ ယောက်ကတော့ ရိုးရိုးအောင်တာပါ” လို့‎ ပြောပါတယ်။ ‎    မလှိုင်မြို့နယ်၊ ဒု ပညာရေးမှူး ဦးထွန်းဝေက "မိသားစုကျောင်းကို ထားချင်ရင် ဝင်ခွင့်စာမေးပွဲရှိတယ်။ အဲဒါအောင်မှ ကျောင်းထားလို့ရတယ်။ ရုံးလုပ်ငန်းတွေအတွက် ခန့်ထားတဲ့ ဝန်ထမ်းတင် ၃၃ ယောက်ရှိတယ်။ စာသင်တဲ့ ဆရာက စာသင်ရုံပဲ။ စာစစ်ဆရာက စာစစ်၊ သူအပိုင်းနဲ့သူ တာဝန်ယူဖို့ ဆရာတွေ ခန့်ထားတယ်။ အဲတော့ အောင်မြင်တာပေါ့။ ဌာနတွေထက် ဝန်ထမ်းအင်အား အများကြီးသာတယ်။ ဌာနမှာက သင်လည်းသူ၊ စစ်လည်းသူ၊ အဲတယောက်တည်းက ပေါင်းစုံအောင် လုပ်နေရတယ်"လို့ ပြောပါတယ်။ မိသားစုကိုယ်ပိုင်အထက်တန်းကျောင်းဟာ ၁၉၉၈-၉၉ မှာ အိမ်စာသင်ဝိုင်းအဖြစ်ေ ကျာင်းသား ၄ ဦးနဲ့ စခဲ့တာဖြစ်ပြီး ၂၀၁၂-၁၃ မှာ ကိုယ်ပိုင်အထက်တန်းကျောင်းဖြစ်ခဲ့တာပါ။ စတင်ဖွင့်ချိန်က ကနေ့အထိ အနှစ်၂၀ သက်တမ်း ရှိခဲ့ပြီး မလှိုင်မြို့နယ် တခုလုံးအနေနဲ့ ၂၀၁၇-၁၈ စာသင်နှစ်မှာ ၄၆၃၅ ယောက်ဖြေဆိုခဲ့ပါတယ်။ ၂၄၆၉ ယောက် အောင်ခဲ့ပြီး အောင်ချက် ရာခိုင်နှုန်းက ၅၃ ဒသမ ၂၇ ရာနှုန်းဖြစ်ပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024