မြစ်ကြီးနား ဗုံးကွဲ
အေးနိုင်
·
June 29, 2012
ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မိုးလုံလေလုံဘောလုံးကွင်းထောင့်မှာ ညနေ ခြောက်နာရီကျော်ခန့်က ဗုံးတလုံးပေါက်ကွဲတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
[caption id="attachment_27320" align="alignleft" width="300" caption="မြစ်ကြီးနား အားကစားကွင်း"][/caption]
ဒီနေ့ စီတာပူရပ်ကွက်အသင်းနဲ့ သီတာရပ်ကွက်အသင်းတို့ရဲ့ ဗိုလ်လုပွဲနေ့ဖြစ်ပြီး ဘောလုံးပွဲအပြီးမှာ ဗုံးကွဲခဲ့တာလို့ ဆိုပါတယ်။
ဗုံးကို မော်တော်ဆိုင်ကယ်မှာ ထောင်ထားတာ ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပြီး ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရစာရင်းတော့ မသိရသေးသလို ဘယ်သူလက်ချက်ဆိုတာလည်း မသိရသေးပါဘူး။